Pages

Sunday, May 25, 2014

Open Day အခမ်းအနားသို့လာရောက်လေ့လာနိုင်ပါရန် ဖိတ်ကြားခြင်း

ရန်ကုန်၊ မေ ၂၄
၂၅.၅.၂၀၁၄ရက်နေ့ ၀၉၀၀အချိန်မှ ၁၄၀၀အချိန်အထိ
EU (European Union) နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းဝင်းအတွင်း၌ ရဲတပ်ဖွဲ့၏
လုပ်ငန်းများကို ပြည်သူများသိရှိနိုင်ရန်နှင့် ရဲတပ်ဖွဲ့နှင့်ပြည်သူတို့
ဆက်ဆံရေးကောင်းမွန်စေရန်ရည်ရွယ်၍Open Dayအခမ်းအနားကို ကျင်းပသွားမည်ဖြစ်ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်ရှိ တပ်ဖွဲ့များ
ဖြစ်သော လုံခြုံရေးရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး
တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်ရဲတပ်ဖွဲ့တို့၏ တပ်ဖွဲ့အလိုက်လုပ်ငန်းတာဝန်နှင့် အသုံးအဆောင်ပစ္စည်းများကို ရှင်းလင်းဆွေးနွေး ခင်းကျင်းပြသသွားမည်ဖြစ်ပါသည်။
အဆိုပါ Open Day အခမ်းအနားသို့ မိဘပြည်သူများနှင့်
သတင်းမီဒီယာများမှ လာရောက်လေ့လာနိုင်ပါရန်
ဖိတ်ကြားအပ်ပါသည်။

No comments:

Post a Comment