Pages

Thursday, May 15, 2014

““ရာဇာမင်း””ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုမှ သေဆုံးသူ/ဒဏ်ရာရရှိသူများအတွက် အထူးခရီးသွားအာမခံလျော်ကြေး ပေးအပ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မေ ၁၄
၁၂-၅-၂၀၁၄ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၉၇/၆)တွင်ဖြစ်ပွားခဲ့သည့် ““ရာဇာမင်း””ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုမှ သေဆုံးသူ များနှင့် ဒဏ်ရာရရှိသူများအား အဝေးပြေးလမ်းမကြီးများအတွက် အထူးခရီးသွားအာမခံလျော်ကြေး ပေးအပ်ပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီအချိန် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်း၊ နေပြည်တော်ကောင်စီဝင် ဦးစောလှ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် ရဲမှူးချုပ် သိန်းဦး၊ အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေ၀င်း၊ နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှဝန်ထမ်းများ၊ မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းကြီးကြပ်ရေးကော်မတီ (နေပြည်တော်)ဥက္ကဌ ဦးဝင်းဆွေနှင့် မြန်မာ့အာမခံလုပ်ငန်းမှတာဝန်ရှိသူများ၊ ယာဉ်တိမ်းမှောက်မှုမှ သေဆုံးသူ/ဒဏ်ရာရရှိသူများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး အထူး ခရီးသွားအာမခံလျော်ကြေးငွေကျပ်သိန်း(၆၃၀)အားပေးအပ်ရာ မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်း ကြီးကြပ်ရေးကော်မတီ(နေပြည်တော်)ဥက္ကဌ ဦးဝင်းဆွေမှလည်းကောင်း၊ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်မှ အသက်ဆုံးရှုံးသူများအတွက် ““ရာဇာမင်း””မော်တော်ယာဉ်လိုင်းမှပေးအပ်သည့် ကရုဏာကြေး ကျပ်သိန်း(၂၁၀)အား နေပြည်တော်ကောင်စီဝင် ဦးစောလှမှပေးအပ်ရာ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ(နေပြည်တော်)အတွင်းရေးမှူး ဦးမြတ်မိုးမှလည်းကောင်း အသီးသီး လက်ခံရယူခဲ့သည်။ ထို့နောက် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဌ၊ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက အာမခံလုပ်ငန်းနှင့်ပတ်သက်၍လည်းကောင်း၊ အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေ၀င်းက အဝေးပြေးလမ်းမကြီးလုံခြုံရေး စီမံထားရှိမှု၊ ကြိုတင်ကာကွယ်မှုများ အကြောင်းအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ပြီး နေ့လည် ၁၂ နာရီအချိန် အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment