Pages

Thursday, May 22, 2014

အဆောက်အအုံဆောက်လုပ်ခွင့် ပါမစ်ချပေးခြင်း စည်ပင်သာယာကိုင်တွယ်သည့်မူ ပယ်ဖျက်မည်

အဆောက်အအုံ ဆောက်လုပ်ခွင့် ပါမစ်ချထားပေးခြင်း အတွက် လိုအပ်သော လုပ်ငန်းစဉ်များကို ရန်ကုန်စည်ပင်ကသာ စိစစ်ခြင်းမူကို ပယ်ဖျက်တော့ မည်ဟု သတင်းရရှိသည်။

လက်ရှိတွင် လုပ်ငန်းစဉ် အဆင့်ဆင့် အတွက် တာဝန်ယူနိုင်မည့် အဖွဲ့အစည်း များ ဖွဲ့စည်းဆောင်ရွက်ခွင့်ပေးရန် စီစဉ်နေပြီး ယင်းအတွက် ရန်ကုန်စည်ပင်မှ တာ ဝန်ရှိသူများက အင်ဂျင်နီယာအသင်း၊ အင်ဂျင်နီယာကောင်စီမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆွေးနွေးမှုများ ပြုလုပ်နေပြီဟု သိရသည်။

စစ်ဆေးရေးအင်ဂျင်နီယာ၊ အဆောက်အအုံအင်ဂျင်နီယာများကို အဆိုပါ အသင်းများ၏ အကူအညီရယူ၍ ရွေးချယ်ကာ ရန်ကုန်စည်ပင်မှ အသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်း၊ စစ်ဆေးရေး အဖွဲ့များ
ဖွဲ့စည်းပေးခြင်းဖြင့် တာဝန်ယူဆောင်ရွက်စေမည်ဟု အင်ဂျင်နီယာဌာန အဆောက်အအုံမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ တာဝန်ခွဲဝေဆောင်ရွက်ခြင်းဖြင့် ပါမစ်ချထားပေးမှု မြန်ဆန်ခြင်း၊ ဌာနနှင့်ပြည်သူများကြား လာဘ်ပေးလာဘ်ယူကိစ္စများ ကင်းရှင်းခြင်း၊ အဆောက် အအုံများ၏ အရည်အသွေး ပိုမိုစိတ်ချရခြင်းကဲ့သို့သော အကျိုးဆက်များ ရှိနိုင်မည် ဟု မျှော်မှန်းကြောင်း ၎င်းကဆိုသည်။ စင်ကာပူနိုင်ငံတွင်လည်း ပါမစ်ချထားပေးခြင်း အတွက်

ယင်းကဲ့သို့သော အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်သည်ဟု အထက်ပါအရာရှိက ဆက်ပြောသည်။ လက်ရှိတွင် ရန်ကုန်စည်ပင်ကသာ ကိုင်တွယ်ဆောင်ရွက်နေရာ လာရောက် တင်ပြသောဒီဇိုင်းများမှာ ခွင့်ပြုပုံစံနှင့်ကွဲလွဲ၍ ပြန်လည်ရေးဆွဲခိုင်းရသည့်အခါ အချိန်ကြန့်ကြာမှုများ ကြုံကြိုက်နေရကြောင်း ၎င်းကပြောသည်။

မိသားစု အဆောက် အအုံများအတွက် ပိုင်ဆိုင်မှုမှန်ကန်ပါက ၂၁ ရက်၊ အထပ်မြင့်များအတွက် ၄၅ ရက်အတွင်းပါမစ်ချထားပေးမှု ကို ဆောင်ရွက်ပေးမည် ဆိုသော်လည်း ဒီဇိုင်းတင်ပြ ရာတွင်
ခွင့်ပြုပုံစံနှင့် ကွဲလွဲမှုများကြောင့် ပြန်လည်ရေးဆွဲစေခိုင်းရ၍ သတ်မှတ်ချက် ထက်ပိုမိုကြန့်ကြာနေသည်ဟု အထက်ပါစည်ပင်အရာရှိက ပြောသည်။

ဝေမာထွန်း

Credit to > Popular Myanmar News Journal < Thank


No comments:

Post a Comment