Pages

Thursday, May 22, 2014

မန္တလေးတွင် ဆက်သွယ်ရေးတာဝါတိုင် ၁၀၀ အူရီးဒူးက စိုက်ထူမည်

အူရီးဒူး(Ooredoo) ကုမ္ပဏီက သရီးဂျီ (3G)  စနစ်ဖြင့် ပြည်တွင်းဖုန်းခေါ်ဆို စမ်းသပ်မှုကို မေ ၁၉ရက်တွင် စမ်းသပ်ပြသခဲ့ပြီး လိုင်းကတ်များကို ရောင်းချရန် ဆက်သွယ်ရေးတာဝါတိုင် ၁၀၀ ကို မန္တလေးတိုင်းအတွင်းစိုက်ထူသွားမည်ဟု ကုမ္ပဏီမှ နည်းပညာနှင့် သတင်းအချက်အလက်ပိုင်းဆိုင်ရာတာဝန်ရှိသူဖြစ်သည့် John Farhat က ပြောသည်။
“3G ကွန်ရက်နဲ့ ဖုန်းခေါ်တာ အောင်မြင်စွာ လုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်။ ပထမဆုံးဖုန်းခေါ်ဆိုမှုကို စတင်လုပ်ဆောင်တာ ဖြစ်ပါတယ်။ မန္တလေးတိုင်းအတွင်းမှာလည်း တာဝါတိုင် ၁၀၀ ကိုလည်း စိုက်ထူသွားဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြထားပြီးဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
“ရောင်းချမယ့် ရက်ကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး။ တိုင်စိုက်ထူဖို့ မြေနေရာအခက်အခဲရှိနေပါတယ်။ ဒါကြောင့် လက်ရှိမှန်းထားတဲ့ ရက်ထက်နောက်ကျမှ ရနိုင်ပါတယ်။ ရန်ကုန်မှာတော့ ကျွန်တော်တို့ အထပ်မြင့်မှာ တပ်ဆင်မယ့် တာဝါတိုင်တွေရဲ့ဝန်ကို ခံနိုင်တဲ့ တိုက်မြင့် မရှိသေးတာကြောင့် မြေနေရာတွေကိုရှာနေပါတယ်။ မန္တလေးမှာလည်း ခွင့်ပြုချက်ရတာနဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု John Farhat က ဆက်ပြောသည်။
တာဝါတိုင်အသစ်များ ထပ်မံစိုက်ထူနိုင်ခြင်းမရှိသေးသော်လည်း ZTE ကုမ္ပဏီနှင့် အခြားကုမ္ပဏီများ ပူးပေါင်းကာ တာဝါတိုင်ပေါင်း ၁၀၀ ကျော်ကို စိုက်ထူထားရှိပြီး ဖြစ်သည်။
ထပ်မံစိုက်ထူရန် ၂၁ နေရာ ရွေးချယ်ပြီး မေလဆန်းက ခွင့်ပြုချက် တောင်းခံထားသော်လည်း ခွင့်ပြုချက်မပေးသဖြင့် လိုင်းကတ်များကို ရောင်းချပေးရန် စီစဉ်သွားမည် ဖြစ်သည်။
လိုင်းကတ်ရောင်းချရန် သြဂုတ်လတွင် ပြင်ဆင်ထားခဲ့သော်လည်း လက်ရှိအနေအထားများအရ ရောင်းချရန် မလွယ်ကူသေးဘဲ လအနည်းငယ်နောက်ကျနိုင်ဖွယ် ရှိသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
3G စနစ်နှင့် ဖုန်းခေါ်ဆိုမှု ရှင်းလင်းပြသခဲ့သော်လည်း အင်တာနက်သုံးစွဲနိုင်မှုနှင့် Video Call စမ်းသပ်ခေါ်ယူမှုကို လုပ်ဆောင်နိုင်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခဲ့ခြင်း မရှိခဲ့ပေ။

Credit to > Mizzima < Thank

No comments:

Post a Comment