Pages

Friday, May 30, 2014

စာရေးအိမ်အတွင်းမှ ရတနာပစ္စည်း ကျပ်သိန်း၄၀ ကျော်ဖိုး ခိုးယူခံရ

ကျောက်တန်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးအဆင့်(၁) ဖြစ်သူ၏ အိမ်အတွင်းမှ ရတနာပစ္စည်း ကျပ်သိန်း ၄၀ ကျော်ဖိုးကို ၀င်ရောက်ခိုးယူခဲ့သည့် ဖြစ်စဉ်တစ်ခု မေ ၂၆ ရက်၊မွန်းလွဲ ၁ နာရီခွဲအချိန်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ကျောက်တန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးအဆင့်(၁)ဖြစ်သူ ကိုရန်ပိုင်ထွေး သည် နေအိမ်မှ “ရွှေတောင်” ထမင်းဆိုင်သို့ နေ့လယ်စာ သွားစားနေစဉ် တံခါးကိုဖွင့်၍ အိပ်ခန်းတွင်းရှိ ဗီရို အတွင်းမှ စိန်ထည်ပစ္စည်းများ၊ ရွှေထည်ပစ္စည်းများနှင့် ဖုန်းတစ်လုံး ခိုးယူသွားခြင်း ဖြစ်သည်။
ထမင်းစားပြီးအပြန် နေအိမ်သို့အရောက်တွင် ဗီရိုအတွင်းမှ စိန်လက်ကောက် နှစ်ကွင်း၊ စိန် ၂၅ လုံးပါ စိန် လော့ကတ်သီး တစ်ခု၊ စိန်လက်စွပ် ငါးကွင်း၊ စိန်နားကပ် တစ်ရံ၊ တစ်ကျပ်ခွဲသား ရွှေဆွဲကြိုးတစ်ကုံး၊ နီလာ ဆွဲသီးတစ်ခု၊ ပုလဲဆွဲသီးတစ်ခု၊ ရွှေဆွဲပြားတစ်ပြားနှင့် ဖုန်းတစ်လုံး ပျောက်ဆုံးနေခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
ရဲမှတ်တမ်းများအရ ခိုးခံရသော ပစ္စည်းများတန်ဖိုးမှာ စုစုပေါင်း တန်ဖိုးငွေကျပ် (၄၆)သိန်း နှင့် (၈)သောင်းကျပ်ဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပက်သက်၍ နေအိမ်အတွင်းရှိ ရတနာပစ္စည်းများ ၀င်ရောက်ခိုးယူခဲ့သူကို အရေးယူပေးပါ ရန် ကိုရန်ပိုင်ထွေး၏ တရားလိုပြုလုပ် တိုင်တန်းမှုကို ကျောက်တန်းနယ်မြေရဲစခန်းက (ပ) ၉၇/ ၁၄၊ ပြစ်မှု ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို စုံစမ်းလျက်ရှိသည်။

Credit to > Mizzima < Thank

No comments:

Post a Comment