Pages

Friday, May 16, 2014

စေတုတ္တရာမီး အိမ် ၈၈ လုံးဆုံးရှုံး

မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့ရှိ အိမ်တစ်အိမ်၌ ဝက်စာအိုးတည်စဉ် လေပြင်းတိုက်သောကြောင့် မီးများလွင့်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ စုစုပေါင်း နေအိမ် ၈၈ လုံး ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

 မေလ ၁၄ ရက် ညနေ ၅ နာရီခန့်တွင် မီးစတင်လောင်ကာ မီးလောင်ချိန်တွင် လေတိုက်နှုန်းမှာလည်း တစ်နာရီ ၃၅ မိုင်နှုန်းခန့်ရှိသောကြောင့် မီးလောင်ဆုံးရှုံးမှုပိုများခဲ့ပြီး အနီးရှိ အိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့ရာ စုစုပေါင်း အိမ် ၈၈ လုံး မီးလောင်ဆုံးရှုံးခဲ့သည်ဟု မကွေးတိုင်းမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘လောင်တဲ့အိမ်က ကုန်းပေါ်မှာ။ အဲဒီတော့ လေအောက်က အိမ်တွေကို မီးပွားတွေပြန့်ကုန်တာ။  ဘေးမှာကလည်း သက်ငယ်မိုးထရံကာ အိမ်တွေဆိုတော့ မီးပွားကြဲချလိုက်သလို ဖြစ်သွားတာပေါ့။ အဲဒီရပ်ကွက်ကို မီးသတ်ကားဝင်နိုင်တဲ့လမ်းကလည်း တစ်လမ်းပဲရှိတယ်။  မီးငြှိမ်းသတ်ရင် လေအောက်က စငြှိမ်းရတယ်ဆိုပေမယ့် အဲဒီမှာက မီးသတ်ကားသွားရမယ့်နေရာမှာ ပိတ်လောင်တာဆိုတော့လေ အထက်ကနေ မီးလောင်တဲ့နောက်ကို လိုက်ငြှိမ်းရသလိုဖြစ်နေတာ’’ဟု ၎င်းကပြောသည်။

တစ်နာရီခန့် မီးငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုကြောင့် အိမ်ထောင်စု ၈၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကာ စေတုတ္တရာမြို့ အထက်တန်းကျောင်းတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးထားကြောင်း ၎င်းက ရှင်းပြသည်။

 မီးလောင်မှုနှင့်ပတ်သက်၍ မီးစလောင်ခဲ့သည့် အိမ်ရှင်ကို အမှုဖွင့်အရေးယူထားသည်။

Credit to > 7Day Daily < Thank

No comments:

Post a Comment