Pages

Wednesday, May 14, 2014

မန္တလေးတွင် ဖွဲ့စည်းပုံပြင်ရေး အင်အန်လ်ဒီနှင့် ၈၈ပူးပေါင်းဟောပြောပွဲ ခွင့်ပြုချက်ရပြီ

 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်အဖွဲ့တို့ ပူးပေါင်း ပြုလုပ်မည့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြုဟောပြောပွဲ (အထက်မြန်မာပြည်)အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က မေ ၁၂ရက် ညနေပိုင်းတွင် ခွင့်ပြုစာ ထုတ်ပေးလိုက်ပြီဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီး အတွင်းရေးမှူး ဦးတင်ကိုကိုက မဇ္ဈိမကို ပြောသည်။

“ ခွင့်ပြုချက်ရပါပြီ။ မနေ့က ပေးခဲ့တာပါ။ အောင်ပင်လယ်ကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ မေ ၁၈ရက်နေ့ကျမှ ကျင်းပသွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈မျိုးဆက်
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပုဒ်မ ၄၃၆ နဲ့ ပတ်သက်ပြီး လူထုဆန္ဒ ခံယူခြင်းနဲ့ ဟောပြောပွဲတစ်ခု ပြုလုပ်သွားမှာဖြစ်ပါတယ် ” ဟု ၎င်းက ပြောသည်။

ခွင့်ပြုချက်ရရှိပြီးဖြစ်၍ ဒေါ်အောင်ဆန်းစုကြည် မန္တလေးသို့ လာရောက်မည်ဖြစ်သောကြောင့် လမ်းတလျှောက် လုံခြုံရေး၊ ဟောပြောပွဲအတွင်း လုံခြုံရေးနှင့် ယာဉ်လမ်းကြော
သတ်မှတ်ခြင်း တို့ကို မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးက စီစဉ်နေပြီဖြစ်သည်။

“လုံခြုံရေးအတွက် မန္တလေးတိုင်းအနေနဲ့ အယောက် ၁,၀၀၀ ၀န်းကျင်အသုံးပြုသွားဖို့ရှိပါတယ်။ အဲဒီ အတွက်လည်း အစည်းအဝေးတွေ လုပ်ပြီးဖြစ်ပါတယ်။ လမ်းကြောနဲ့ ဘယ်နေ့လာမယ် ဆိုတာကိုတော့ မကြာမီမှာ ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ် ” ဟု ဦးတင်ကိုကိုကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရသစ်ပြောင်းလဲချိန်တွင် မန္တလေးမြို့သို့ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲတွင် တစ်ကြိမ်၊ ဧရာဝတီစာပေပွဲတော်တွင် တစ်ကြိမ်လာရောက်ခဲ့သည်။ ယခုအကြိမ်သည် သုံးကြိမ် မြောက်လာရောက်ခြင်းဖြစ်သည်။

အင်အန်လ်ဒီနှင့် ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲကို မေလ ၁၇ရက်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်းတွင် ပြုလုပ်မည်ဖြစ်ပြီး မေလ ၁၈ရက်တွင် မန္တလေးမြို့ အောင်ပင်လယ်ကွင်း၌ ပြုလုပ်မည်ဖြစ်သည်။

မျိုးသန့်
Credit to > Mizzima - News in Burmese < Thank


No comments:

Post a Comment