Pages

Thursday, May 15, 2014

စက်ဘီးစီးလာသူနှင့် ဆိုင်ကယ်စီးလာသူနှစ်ဦး မိုးကြိုးပစ်ခံရသဖြင့် သေဆုံး

မေလ(၁၄)ရက်နေ့ မွန်းလွဲပိုင်းက သုံးခွမြို့နယ်၊ ပုလဲ ကျေးရွာတွင် စက်ဘီးစီးလာသူနှင့် ဆိုင်ကယ်စီးလာ အမျိုးသား(၂)ဦး မိုးကြိုးပစ်ခံရသဖြင့် သေဆုံးသွားကြောင်း သိရသည်။
ဖြစ်ပုံမှာ မွန်းလွဲ(၃)နာရီ (၁၀)မိနစ်ခန့်က ဆိုင်ကယ်စီးလာသူ အသက် (၁၇)နှစ်အရွယ် မောင်နိုင်နိုင် နှင့် စက်ဘီးစီးလာသူ အသက်(၅၈)နှစ်အရွယ် ဦးဖြိုးလှိုင်တို့ နှစ်ဦးဟာ သုံးခွမြို့နယ်၊ ပုလဲ ကျေးရွာတွင် မိုးကြိုးပစ်ခံခဲ့ရ၍ ရရှိသော ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ မိုးကြိုးပစ်ခံခဲ့ရသဖြင့် ဦးဖြိုးလှိုင်တွင် ဦးခေါင်း ဝဲဘက်ခြမ်းမီးလောင်ဒဏ်ရာ၊ ဝဲ/ယာနား သွေးထွက်ဒဏ်ရာများနှင့် မောင်နိုင်နိုင်တွင် နှာတံပွန်းခြစ်၊ ဝဲလက်ခုံပွန်းခြစ် ဒဏ်ရာများရရှိထားပြီး ယင်းဒဏ်ရာများဖြင့် သေဆုံးခဲ့ကြခြင်းဖြစ်သည်။
၎င်းတို့သေဆုံးခဲ့မှုနှင့် ပတ်သက်၍ သုံးခွမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ်(၁၁/၂၀၁၄)ဖြင့် ရေးဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

Credit to > မြန်မာ့သတင်း < Thank

No comments:

Post a Comment