လားရှိုး မေ ၁၆
လားရှိုးမြို့ တွင် မေ ၁၆ ရက် နံနက် ၃ နာရီ ၃၀ မိနစ် အချိန်ခန့်က
မိနစ်အနည်ငယ်ကွာခြားလျက် ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ရပ်ကွက်(၃) ဗိုလ်ချုပ်လမ်းနှင့် သဇင်လမ်းထောင့်ရှိ ကမ္ဘောဇဘဏ်(၁)
အောက်ဘက် ဝင်ပေါက်အနီးတွင် ပေါက်ကွဲမှုကြောင့် ပြူတင်းပေါက်မှ
မှန်များအားလုံး ကွဲကြေခဲ့ပြီး ရပ်ကွက်(၂) စံကောင်းလမ်းနှင့် သိန်းနီ
လမ်းထောင့်ရှိ သမဝါယမဘဏ် အဆောက်အဦး ဘေးကပ်လျက်ရှိသည့် (၁၁/၀.၄)ကေဗွီ
(၁၆၀)ကေဗွီအေ ထရန်စဖော်မာ (၂) တိုင်စင်အောက် အနီးတွင် ပေါက်ကွဲမှု
ဖြစ်ပွားခဲ့ပြီး ၄င်း ထရန်စဖော်မာတွင် တပ်ဆင်ထားသည့် 400 V Panel, Cap
actior Bank နှင့် မီတာအမှတ် (XS -050483) (200/5) Aစီတီမီတာများ
ကွဲကြေပျက်စီးသွားခဲ့ပြီး ဘဏ်နှင့်ကပ်လျှက် ဝင်းကားပစ္စည်းဆိုင်
အလှကပ်မှန်များ ကွဲကြေခဲ့ကာ လူတစ်ဦးတစ်ယောက်မျှ ထိခိုက်မှုမရှိကြောင်း
သိရှိရသည်။
Credit to > MOI Webportal Myanmar < Thank
No comments:
Post a Comment