Pages

Thursday, May 22, 2014

အစ်မကိုမူးပြီးရိုက်တဲ့ ယောက်ဖနဲ့ စကားများရာမှ လူသတ်မှုဖြစ်

သန်လျင်မြို့နယ်၊ သဲဖြူချောင်းကျေးရွာတွင် မေလ(၁၇)ရက်နေ့ ည(၉)နာရီ မိနစ်(၅၀)ခန့်က မအေးငွေသည် နေအိမ်တွင်ရှိနေစဉ် ခင်ပွန်းဖြစ်သူ ကိုညိုဝင်းက အရက်သေစာသောက်စားမူးယစ်၍ ရောက်ရှိလာပြီး
လေးခွဖြင့်ထုရိုက်သဖြင့် နေအိမ်မှထွက်ပြေးခဲ့
ပြီးနောက် တရားရိပ်သာဝင်းအတွင်း ရောက်ရှိနေ
ခဲ့စဉ် မောင်ဖြစ်သူအေးထွန်းက အစ်မလင်မယားအချင်းများတာ ဝင်ဖျန်ဖြေရင်း ယောက်ဖဖြစ်သူ ကိုညိုဝင်းနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းသို့ ခိုက်ရန်ဖြစ်ပွားရင်း အေးထွန်းမှ ယောက်ဖဖြစ်သူ ကိုညိုဝင်းကို သစ်သားတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း သိရသည်။ မအေးငွေနေအိမ်သို့ ရောက်ရှိစဉ် ခင်ပွန်းဖြစ်သူ ကိုညိုဝင်းတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာရရှိထားသည်ကိုတွေ့ရှိရပြီး ခင်ပွန်းဖြစ်သူအား ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ကုသခဲ့ရာ မေလ(၁၈)ရက်နေ့ မွန်းလွဲ(၁)နာရီတွင် ကိုညိုဝင်းဟာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မအေးငွေက မောင်ဖြစ်သူ အေးထွန်းအား ခင်ပွန်းဖြစ်သူ ကိုညိုဝင်းအား သေစေသည့်အထိ ရိုက်နှက်ခဲ့မှုအတွက် သန်လျင်မြို့မရဲစခန်း၌ အမှုဖွင့်ခဲ့ကာ ယင်းဖြစ်စဉ်အား (ပ)၃၄၀/၂၀၁၄၊ ပြစ်မှု
ပုဒ်မ-၃၀၂ ဖြင့် သန်လျင်မြို့မရဲစခန်းမှလက်ခံခဲ့ပြီး ပြစ်မှုကျူးလွန်၍ ရှောင်တိမ်းနေသူ အသက်(၂၈)နှစ်အရွယ် အေးထွန်းအား ဖမ်းဆီးနီုင်ရန်
လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment