Pages

Thursday, May 22, 2014

မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ရန်ကုန်မြို့တွင် ရေလျှံခဲ့

မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ အနောက်တောင်မုတ်သုံလေ ဝင်ရောက်ခဲ့ပြီး မြစ်ဝကျွန်းပေါ်ဒေသများသို့ ဆက်လက် ဝင်ရောက်လျက်ရှိသောကြောင့် ရန်ကုန်မြို့တွင် မေ(၁၈)ရက်နေ့ ညနေပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များ၏ လမ်းများပေါ်တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့ကာ အများပြည်သူများ ခရီးသွားလာရာ၌ အခက်အခဲ ဖြစ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်းရှိ ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့သော မြို့နယ်များမှာ တာမွေ ၊ မင်္ဂလာတောင်ညွန့် ၊ မရမ်းကုန်း ၊ ကျောက်မြောင်း ၊ ဗိုလ်တထောင် ၊ ကျောက်တံတား ၊ ရန်ကင်း ၊ လသာနှင့် အခြားမြို့နယ်များ ဖြစ်ကြောင်း ထိုမြို့နယ်များရှိ လမ်းမများတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ယာဉ်ကြော ပိတ်ဆို့မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့အပြင် ရပ်ကွက်များအတွင်း လမ်းသွယ်များတွင် အိမ်များအတွင်းသို့ ရေဝင်ရောက်မှုများလည်း ဖြစ်ခဲ့ကြောင်း သိရသည်။
ညနေ(၄)နာရီကျော်က ည(၉)နာရီကျော်လောက်အထိ မိုးက သည်းသည်းမဲမဲ ရွာသွန်းခဲ့သဖြင့် ခရီးသည်တင်ကားအချို့ ပျက်ခဲ့ကာ မှတ်တိုင်တွင် ခရီးသည်များလည်း မိုးစို ၊ အငှါးယာဉ်တွေကလည်း တော်ရုံနှင့် တားမရခဲ့ဘဲ ခရီးသည်အချို့ ဒုက္ခရောက်ခဲ့ကာ ည(၈)နာရီခွဲလောက်၌ ရန်ကင်းမှတ်တိုင်တွင် ရေတွေတအားကြီးပြီး ဝါယာရှော့ခ်ဖြစ်ခဲ့၍ မီးပျက်သွားခဲ့ကြောင်း ဘတ်စ်ကားစီးသူတစ်ဦးက ပြောခဲ့သည်။
အနောက်တောင် မုတ်သုံလေသည့် မြန်မာနိုင်ငံတဝန်းလုံးသို့ ဇွန်လပထမပတ်မှ စတင်ကာ ဝင်ရောက်မည်ဖြစ်ပြီး အောက်တိုဘာ ပထမ (၁၀)ရက်အတွင် ပြန်လည်ထွက်ခွါသွားမည်ဟု မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနမှ ခန့်မှန်းထားသည်။

Credit to > EMG < Thank

No comments:

Post a Comment