Pages

Sunday, May 18, 2014

ဘီယာသောက်သူများလာ၍ မနှစ်ကထက် ဘီလာဂါလန်တစ်သန်းကျော် ပိုထုတ်ထားရ

၂၀၁၃ခုနှစ် ဧပြီလမှ ၂၀၁၄ ခုနှစ် ဇန်နဝါရီလအထိ (၁၀)လအတွင်း ပြည်တွင်းဘီယာထုတ်လုပ်မှုမှာ ဂါလန်(၂၇)သန်းခွဲခန့် ရှိကာ ယခင် တစ်နှစ်လုံး ထုတ်လုပ်မှုထက် ဂါလန်တစ်သန်းကျော် ပိုမိုခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ သိရသည်။
ယခင်က တစ်နှစ်လုံးထုတ်ခဲ့သည့် ဘီယာပမာဏမှာ ဂါလန်(၂၆)သန်းကျော် ရှိခဲ့ပြီး ယခုမူ (၁၀)လအတွင်း ဘီယာထုတ်လုပ်မှုမှာ ဂါလန် (၂၇)သန်းနီးပါး ရှိခဲ့ခြင်းကြောင့် ဂါလန်တစ်သန်းကျော် ပိုမိုထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အရက် နှင့် ဘီယာ သောက်သုံးမှု များပြားလျက်ရှိပြီး ပြည်တွင်း၌ နှစ်စဉ်ထုတ်လုပ်နေသည့် အရက်နှင့်ဘီယာ ဂါလန်ပေါင်း (၂၅)သန်း နှင့် အထက်ရှိကြောင်း သိရသည်။
ပြည်တွင်း၌ လစဉ်ထုတ်လုပ်သည့် ဘီယာပမာဏမှာ နှစ်သန်းခွဲကျော်မှ သုံးသန်းခွဲကျော် အထိရှိပြီး ပြည်ပမှ တင်သွင်းရောင်းချသည့် ဘီယာတံဆိပ် များစွာရှိကြောင်းလည်း သိရသည်။
နိုင်ငံတော်က အရက် ၊ ဘီယာ နှင့် ဝိုင်အမျိုးမျိုးတို့အပေါ်တွင် အခွန်စည်းကြပ်ကောက်ခံမှု၌ ပြည်ပမှ ကုန်စည်ဖြစ်လျှင် ကုန်းပေါ်ရောက် တန်ဖိုးအပေါ်တွင်လည်းကောင်း ၊ ပြည်တွင်းထုတ်လုပ်သော ကုန်စည်ဖြစ်လျှင် ရောင်းရငွေအပေါ်တွင်လည်းကောင်း ကောက်ခံမှု အခွန်နှုန်းထားမှာ (၅၀)ရာခိုင်နှုန်း ဖြစ်သည်ဟု သိရသည်။
Credit to > EMG < Thank

No comments:

Post a Comment