Pages

Thursday, May 15, 2014

ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး မော်တော်ယာဉ် အသင်း၏ နေပြည်တော်- ရန်ကုန် ခရီးစဉ် ပိတ်သိမ်း

နေပြည်တော် မေ ၁၄

 နေပြည်တော်မှ ရန်ကုန်သို့ မေ၁၂ရက် ညနေ ၆နာရီက နေပြည်တော် မြို့မဈေး ကားဂိတ်မှ ရန်ကုန်မြို့သို့ ခရီးသည် ၄၆ဦး တင်ဆောင် ထွက်ခွာလာသည့် ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး မှန်လုံ မော်တော်ယာဉ်သည် ည ၆နာရီ ၄၅မိနစ်တွင် အရှိန် မထိန်းနိုင်ဘဲ မိုင်တိုင်အမှတ် (၁၉၇/၆)ကို စတင် တိုက်မိပြီး ဝက်လက် မီးရထား ခုံးကျော် တံတားထိပ်ကို ထပ်မံ တိုက်မိကာ တံတားအောက်သို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။ ယာဉ်ပေါ်၌ ယာဉ်မောင်းတစ်ဦး၊ အကူယာဉ်မောင်း တစ်ဦး၊ ယာဉ်နောက်လိုက် တစ်ဦး အပါအဝင် ခရီးသည် အမျိုးသား ၂၉ဦး၊ အမျိုးသမီး ၁၇ဦး၊ စုစုပေါင်း ၄၆ဦးပါရှိသည့် အနက် အမျိုးသား ၁ဝ ဦး၊ အမျိုးသမီး လေးဦး၊ စုစု ပေါင်း ၁၄ ဦး သေဆုံးခဲ့ပြီး နေပြည်တော် ခုတင် - ၁ဝဝဝ ဆေးရုံကြီး၌ အမျိုးသား ၁၆ ဦး၊ အမျိုး သမီး ၁၂ ဦး၊ လယ်ဝေး မြို့နယ် ပြည်သူ့ဆေးရုံ၌ အမျိုးသား နှစ်ဦး၊ အမျိုး သမီး တစ်ဦး၊ ပေါင်းအမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၁၃ဦး၊ စုစုပေါင်း ၃၁ဦး ဒဏ်ရာ အသီးသီး ရရှိခဲ့ပြီး ဆေးကုသမှု ခံယူလျက် ရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး ယာဉ်အား မဆင်မခြင် မောင်းနှင်ခြင်းနှင့် ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ခရီးသည်များ လုံခြုံစွာ သယ်ယူ ပို့ဆောင်ရေး၌ စနစ်တကျ ကြီးကြပ်ရန် အားနည်း ခဲ့ခြင်းကြောင့် ရာဇာမင်း ခရီး သည် ပို့ဆောင်ရေး မော်တော်ယာဉ် အသင်း၏ ရန်ကုန်- နေပြည်တော်-ရန်ကုန် ခရီးစဉ် ပြေးဆွဲခွင့်အား နေပြည်တော် ကုန်းလမ်းနှင့် ပြည်တွင်း ရေကြောင်း သယ်ယူ ပို့ဆောင်ရေး အဖွဲ့မှ ၂ဝ၁၄ခုနှစ် မေ ၁၅ရက်မှ စတင်၍ ပိတ်သိမ်း လိုက်ကြောင်း သတင်း ရရှိသည်။

Credit to  >မြ၀တီ < Thank

No comments:

Post a Comment