Pages

Tuesday, May 13, 2014

မီးသတ်ဆေးဘူး တပ်ဆင်ခြင်း မရှိသော မော်တော်ယာဉ်များကို အရေးယူမည်

ကလေး၊ မေ ၁၂

 စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ကို အခြေစိုက် ပြေးဆွဲလျက် ရှိသော ခရီးသည်တင် မော်တော်ယာဉ်များတွင် အရေးပေါ် မီးသတ်ဆေးဘူးများ ထားရှိရန် ညွှန်ကြားချက် ထုတ်ပြန်ထားပြီး လိုက်နာမှု မရှိပါက တည်ဆဲဥပဒေများအတိုင်း အရေးယူမည် ဖြစ်ကြောင်း ကလေးမြို့ ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီဝင်များက ပြောကြားသည်။

“ခရီးသည်တင် ယာဉ်လိုင်းတွေ အနေနဲ့ ယာဉ်တွေမှာ အရေးပေါ် မီးသတ်ဆေးဘူးတွေ လုံလောက်စွာ ထားရှိဖို့ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက မေလဆန်းပိုင်းမှာ ညွှန်ကြားထားပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ကလေးမြို့ အခြေစိုက်၍ ချင်းတောင်၊ မုံရွာ၊ မန္တလေး၊ တမူး စသော မြို့များသို့ ပြေးဆွဲလျက် ရှိသည့် မော်တော်ယာဉ်လိုင်း ၂၀ ခန့်ကို မေလ ၉ ရက်နေ့က အကြောင်းကြားထားပြီး ဖြစ်ကြောင်း မစက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ခရီးသည်တင် ယာဉ်ရော ကုန်တင်ယာဉ်တွေပါ မော်တော်ယာဉ်တိုင်း မီးသတ်ဆေးဘူး ထားသင့်ပါတယ်။ အန္တရာယ်ဆိုတာ ဘယ်အချိန် ဖြစ်မယ် ဆိုတာမှ မသိနိုင်တာ။ အိမ်စီးကားတွေမှာလည်း ဆောင်ထားသင့်တယ်” ဟု ကလေးဒေသခံ ယာဉ်ပိုင်ရှင်တစ်ဦးက မှတ်ချက်ပြုသည်။

ကလေးမြို့မှ မုံရွာမြို့သို့ မေလ ၅ ရက်နေ့က ထွက်ခွာခဲ့သည့် ခရီးသည်တင် ယာဉ်တစ်စီး ကလေးဝ-ယာကြီး လမ်းပေါ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မီးငြှိမ်းသတ်ရန်အတွက် ရေတွင်း ရေကန်များနှင့် ဝေးခြင်း၊ မီးသတ်ဆေးဘူး မပါရှိခဲ့ခြင်းတို့ကြောင့် ယာဉ်တစ်စီးလုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း မော်တော်ယာဉ်လိုင်းများထံက စုံစမ်းသိရှိရသည်။

Credit to > The Voice Weekly < Thank


No comments:

Post a Comment