Pages

Friday, May 23, 2014

ရဲနှင့်ပေါင်း၍ မူးယစ်ဆေးရောင်းဝယ်နေသော အိမ်ကို ဒေသခံမူးယစ်တိုက်ဖျက်ရေးအဖွဲ့ ၀င်ဖမ်း

ကချင်ပြည်နယ် မန် ခိန်ဆရာကထောင်ရပ်ကွက်ရှိ မူးယစ်ဆေးဝါး ရောင်းဝယ်နေသည့် အိမ်တွင် ရဲဝန်ထမ်းနှစ်ဦးနှင့် လူငယ်သုံးဦးကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က မေလ ၂၁ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

‘‘ဒီရဲနှစ်ယောက်ကိုတော့ ရဲတပ်ရင်းကိုလွှဲမယ်။ ဟိုသုံးယောက် ကိုတော့ ခြေချုပ်ထားမယ်’’ ဟု စီတာပူရဲကင်းမှူးက ဆိုသည်။

ဖမ်းဆီးရမိသည့် ရဲသားနှစ် ဦးသည် ရဲတပ်ရင်း (၃၀) မှ တပ် သားများဖြစ်ပြီး လူငယ်သုံးဦးမှာ ရွှေစက်နှင့်  မန်ခိန်ဒေသခံများ ဖြစ်သည်ဟု သိရသည်။

ယင်းမူးယစ်ဆေးဝါးရောင်း ၀ယ်သည့် အိမ်သည် ထိုဒေသ တွင် နာမည်ကြီးပြီး မူးယစ်ဆေး ၀ါးရောင်းဝယ်သူ ကိုဘောမ်ဇုန်း သည်လည်း ထောင်လေးနှစ်ကျ ပြီး ပြန်ထွက်လာသူဖြစ်သည်ဟု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအ ဖွဲ့မှ သင်းအုပ်ဆရာတစ်ဦးက ပြောသည်။

ယခုဖမ်းမိသည့်အိမ်သည် ရဲများနှင့် ပူးပေါင်းကာလှုပ်ရှားနေ ကြောင်း သတင်းကြားနေသည်မှာ အတော်ကြာနေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

‘‘ဒီဘောမ်ဇုန်းအိမ်မှာ ရဲတွေ အမြဲတမ်းလှုပ်ရှားနေတယ်ဆို တာတော့   သတင်းကြားနေရ တယ်။  အရင်ကတော့ မရှိဘူး။ ဒါပေမဲ့  ဒီနေ့ စတင်လှုပ်ရှားလိုက် တဲ့ အချိန်ကျတော့ အမှန်တကယ် ထင်ထားတဲ့ အိမ်မှာရဲတွေကို လည်း သွားတွေ့တယ်။ ကျွန်တော် တို့အဖွဲ့ကလည်း လူကိုမုန်းလို့ မဟုတ်ဘူး။ မူးယစ်ဆေးဝါးဆိုတဲ့ အန္တရာယ်ကနေပပျောက်သွားဖို့ ဆက်လက်တိုက်ဖျက်သွားမယ်’’ ဟု သင်းအုပ်ဆရာက ပြောသည်။



Credit to > 7DAY DAILY < Thank

No comments:

Post a Comment