Pages

Thursday, May 22, 2014

မီးပူဇော်ရာမှ ဘုန်းကြီးကျောင်းဆောင် မီးလောင်ခဲ့၍ ကျပ်(၇)သိန်းကျော် ဆုံးရှုံးခဲ့

မေလ(၁၉)ရက်နေ့ မနက်(၉)နာရီခွဲအချိန်ခန့်က ကျောက်တန်းမြို့နယ် တံတားမြို့နယ်ခွဲ၊ ရပ်ကွက်(၃)၊ အေးစေတီ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ နှစ်ထပ်ကျောင်းဆောင် အပေါ်ထပ်ဘုရားခန်းတွင် မီးပူဇော်ထားရှိသော လျှပ်စစ်ဝါယာကြိုးမှ ရှော့ဖြစ်ကာ  မီးလောင်ခဲ့၍ ကျပ်(၇)သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ရပ်ကွက်နေ ပြည်သူများမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင်မနက် (၉)နာရီ မိနစ်(၅၀)ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ ယင်းသို့ မိနစ်(၂၀)ခန့် လောင်ကျွမ်းခဲ့သည့် မီးကြောင့် သွပ်မိုး၊ ပျဉ်ကာကျောင်းဆောင်(၁)ဆောင် မီးလောင်ကျွမ်းခဲ့ပြီး တန်ဘိုးငွေကျပ် (၇၂၉၀၀၀)ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှ တာဝန်ရှိသူ ဂေါပကဥက္ကဌ ဦးအောင်မြင့်အား ကျောက်တန်းမြို့နယ်၊ တံတားနယ်မြေရဲစခန်း၌ (ပ)၂၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment