လမ်းဖြတ်ကူးသော အသက် ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ဦးကို အငှားယာဉ်တစ်စီးက
ဝင်တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားသည့်ဖြစ်စဉ်တစ်ခု မေ ၁၂ ရက်၊ နံနက် ၉
နာရီက ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
သန်လျင်မြို့နယ်၊ ဘုရားငါးဆူကျေးရွာတွင်နေထိုင်သည့် ဒေါ်တင်တင်အောင်
(၄၀)နှစ်သည် သမီးဖြစ်သူ မနွေးနွေးလှိုင် ခုနစ်နှစ်နှင့်အတူ
ပန်းဆိုးတန်းခုံးကျော်တံတားပေါ်တွင် လမ်းဖြတ်ကူးစဉ် ပန်းဆိုးတန်း
လမ်းအတိုင်း တောင်မှမြောက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသည့်
အငှားယာဉ်တစ်စီးက ၀င် တိုက်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။
“လောလောဆယ်တော့ ယာဉ်မောင်းရော၊ ယာဉ်အမျိုးအစားရော မသိသေးဘူး။
စုံစမ်းနေတုန်းပါ။ အမျိုး သမီးကလည်း ကလေးကိုတိုက်သွားတာဆိုတော့
တိုက်ခံရတဲ့သမီးအတွက်ပဲ စိတ်ပူနေတဲ့အတွက် ကား နံပါတ်ကို
မမှတ်ထားမိလိုက်ဘူး”ဟု ကျောက်တံတားမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။
ယာဉ်တိုက်မှုကြောင့် မနွေးနွေးလှိုင်၏ နဖူးတွင် ဖူးရောင်ဒဏ်ရာ၊
နှာတံပွန်းပဲ့၊ ယာတံတောင်ပွန်း၊ ၀ဲခြေခုံ
ဖူးရောင်ပွန်းစုတ်သည့်ဒဏ်ရာများရရှိကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်
အတွင်းလူနာအဖြစ် ဆေးကုသ မှုခံယူနေရပြီး အသက်အန္တရာယ်စိုးရိမ်ရသည့်
အခြေအနေတွင်ရှိသည်ဟု ရဲတပ်ဖွဲ့ရုံး၏ သတင်းထုတ် ပြန်ထားသည်။
အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ယာဉ်မဆင်မခြင်မောင်းနှင်ထွက်ပြေးသူအား
အရေးယူပေးရန် ရဲအုပ်အောင် လှိုင်စိုး၏ တရားလိုပြုလုပ်တိုင်တန်းမှုကို
ကျောက်တံတားမြို့မရဲစခန်း ယာဉ်(ပ) ၁၀/၁၄၊ ပြစ်မှုပုဒ်မ၂၇၉/ ၃၃၈/၂၀၂ ဖြင့်
အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးလျက်ရှိသည်။
Credit to > Mizzima - News in Burmese < Thank
No comments:
Post a Comment