Pages

Thursday, May 22, 2014

မြန်မာ့လေကြောင်းက ပြင်သစ်ကုမ္ပဏီမှ လေယာဉ်သစ်ခြောက်စီး ဝယ်ယူမည်

ပြင်သစ်နိုင်ငံရှိ ATR ကုမ္ပဏီမှ မြန်မာ့လေကြောင်းက လေယာဉ်သစ် ခြောက်စင်းဝယ်ယူရန်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ATR လေယာဉ်အကြီးစား ပြင်ဆင်သည့် စက်ရုံဖွင့်ရန် သဘောတူစာချုပ် MOU အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ထိုသဘောတူစာချုပ် MOU အား မေလ(၆)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြန်မာ့လေကြောင်းလိုင်းက ATR  လေယာဉ်ထုတ်လုပ်ရေး စက်ရုံမှ လေယာဉ်များကို အသုံးပြု၍ ခရီးစဉ်အများစုကို ပြေးဆွဲပျံသန်းလျက်ရှိရာ အဆိုပါလေယာဉ်များ ပြုပြင်မှု ၊ ပြင်ဆင်မှုများ ပြုလုပ်ရသည့် အခါတိုင်းတွင် ထိုင်းနိုင်ငံ ၊ မလေးရှားနိုင်ငံ ၊ စင်္ကာပူနိုင်ငံများရှိ ATR လေယာဉ်ပြင်စက်ရုံများတွင် သွားရောက်ပြင်ဆင်နေရကြောင်း သိရသည်။
မြန်မာနိုင်င့၌ ATR လေယာဉ်အကြီးစား ပြင်ဆင်သည့် စက်ရုံဖွင့်လှစ်ပြီးပါက ပြည်တွင်းလေကြောင်းလိုင်းများမှ ATR လေယာဉ်များ ပြင်ဆင်ဖို့ လုပ်ငန်းအပ်နှံမှုအပြင် ပြည်ပနိုင်ငံများမှ ATR လေယာဉ်များ၏ ပြင်ဆင်ဖို့ လုပ်ငန်းအပ်နှံမှုကိုပါ လက်ခံပြင်ဆင် ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

Credit to > EMG < Thank

No comments:

Post a Comment