Pages

Thursday, May 15, 2014

MCC မီတာခ ကောက်ခံရေးယာဉ်များ မကြာမီ လှည့်လည်ကောက်ခံတော့မည်

ကျိုက်ထိုမြို့နယ်အတွင်းရှိ မိဘပြည်သူများ ခင်ဗျား.....

ကျွန်တော်တို့၏ MCC မီတာခ ကောက်ခံရေးယာဉ်များသည် မနက်ဖြန် (16) ရက်နေ့တွင် ကြာဖြူစုပိုင်း ကံ့ကော်ရပ်ကွက် နှင့် သုံးခွပိုင်း ဖက္ကလိပ်ရပ်ကွက်များမှ စတင်၍ မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်ကောက်ခံပေးသွားမည် ဖြစ်ပြီး ကော့ထင်းကျေးရွာသို့ လစဉ် (21) ရက်နေ့တို့တွင် လှည့်လည်ကောက်ခံပေးသွားမည် ဖြစ်ပါသည်။ မီတာကောက်ခံရေးယာဉ်သည် တစ်မြို့နယ်လုံး လှည့်လည်ကောက်ခံပေးသွားမည် ဖြစ်သည့်အတွက် နှောင့်နှေးကြန့်ကြာမှု မဖြစ်ရလေအောင် မိဘပြည်သူများမှ မီတာပြေစာများအား အဆင်သင့်ဆောင်ထားပေးကြပါရန် နှင့် မီတာကောက်ခံရေးယာဉ်နှင့် ကြုံဆုံသည့် မည်သည့်နေရာတွင်မဆို မီတာခများကို ပြေစာတစ်စောင်လျှင် (200) ကျပ်နှုန်းဖြင့် ပေးသွင်းနိုင်ပါကြောင်း လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။
                                                            ကျေးဇူးတင်ပါသည်။

No comments:

Post a Comment