Pages

Sunday, May 11, 2014

အမွေကိစ္စကြောင့် ညီမက အစ်မအား အသေသတ်

မေလ(၁၀)ရက်နေ့ မွန်းလွဲ(၂)နာရီခန့်က မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာအုပ်စု၊ ဆယ်အိမ်တန်းကျေးရွာရှိ နှင်းဆီခြံတွင် ခြံပိုင်ရှင် ညီအစ်မ(၂)ဦး အမွေကိစ္စဖြင့် စကားများရန်ဖြစ်ကာ ညီမက အစ်မအား တုတ်ဖြင့်ရိုက် ၊ ဓါးဖြင့်ခုတ်ခဲ့၍ အစ်မဖြစ်သူ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ခြံပိုင်ရှင် အသက်(၄၆)နှစ်အရွယ် ဒေါ်မယ်လေးချော ရွှေပြည်သာမြို့နယ်နေသူအား အတူနေညီမဖြစ်သူ အသက်(၄၃)နှစ်အရွယ် ဒေါ် အေးသန္တာချော(ခ)မနယ်ရှီဘစ် တို့သည် အမွေကိစ္စဖြင့်စကားများရန်ဖြစ်ကြစဉ် မအေးသန္တာချော(ခ)မနယ်ရှီဘစ်မှ သစ်သားတုတ်ဖြင့်ရိုက်ကာ အရိုးအသွား(၁)ပေခွဲခန့်ရှိ ဓါးဖြင့်ခုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ပြုလုပ်ခြင်း ခံခဲ့ရသဖြင့်  ဒေါ်မယ်လေးချောတွင် နဖူးယာဘက်၊ မေးစေ့၊ ၀ဲမျက်ခုံးတို့တွင်ပေါက်ပြဲဒဏ်ရာများ၊ ယာနားပြတ်ရှ ဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာများဖြင့် လဲကျသွားခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူ ဒေါ်မယ်လေးချောအား မှော်ဘီဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်စဉ် လမ်း၌သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့အစ်မဖြစ်သူအား သေဆုံးအောင်ပြုလုပ်သူ မအေးသန္တာချော(ခ)မနယ်ရှီဘစ်အား အရေးယူပေးရန် ဦးရွှေသီးမှတိုင်တန်းချက်အရ မှော်ဘီမြို့မရဲစခန်း၌ (ပ)၂၅၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
credit to > ရတု < Thanks

No comments:

Post a Comment