Pages

Friday, May 16, 2014

အစားအသောက်ကိုးမျိုး စားသောက်ရန် မသင့်ကြောင်း ကြေညာ


 ကျောင်းမုန့်ဈေးတန်းများနှင့် ဈေးကွက်အတွင်း၌ ရောင်းချနေသော အစားအသောက်ကိုးမျိုးမှာ သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများပါဝင်ပြီး စားသုံးရန် မသင့်သောကြောင့် အများပြည်သူတို့သိရှိစေရန် ကျန်းမာရေးဝန်ကြီးဌာနက မေလ ၁၅ ရက်တွင် အသိပေးချက်ထုတ်ပြန်ခဲ့သည်။

‘‘လက်ရှိမှာ တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေမှာရှိတဲ့ အစား အသောက်ကြီးကြပ်ရေးအဖွဲ့က နေ အရေးယူတာတွေပြုလုပ်နေပါ တယ်။ အခုလို အသိပေးလိုက်တဲ့ အတွက် စားသုံးသူတွေအနေနဲ့ လည်း ဝယ်ယူအသုံးပြုမှာ မဟုတ် တော့ပါဘူး’’ဟု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဌာန (F-DA)မှ ညွှန်ကြားရေးမှူး ဒေါက် တာဒေါ်ခင်ချစ်က ဆိုသည်။

 စားသုံးရန်မသင့်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့်  အစား အသောက်နှင့်  အမှတ်တံဆိပ်များ မှာ မီးအိမ်ရှင်-ယိုစုံ (သရက်ပြား)၊ စတိုင်-ယိုစုံ(သရက်ပြား)၊ ကောင်းဆက်သာ(မုန့်ပွကြော်)၊ သွယ်သွယ်အေး (ငရုတ်သီးကြမ်းမှုန့်)၊ သွယ်သွယ်အေး (ငရုတ်သီး အရောင်တင်မှုန့်)၊ နှင်းပုလဲ (ငရုတ်သီးအရောင်တင်မှုန့်)၊ သိန်းကမ္ဘာ(ငရုတ်သီးအရောင်တင်မှုန့်)၊ နှင်းပုလဲ (နနွင်းမှုန့်)နှင့်  အမေထား(ငါးပိထောင်း) တို့ဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၏ ကြေညာချက်တွင် ဖော်ပြထား သည်။

ထို့အပြင် အစားအသောက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများ အနေဖြင့် အစားအသောက်များ တွင် သုံးစွဲရန်ခွင့်မပြုသော ဓာတု ဆိုးဆေးများကို လုံးဝအသုံးမပြု ရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက အမျိုးသားအစားအ သောက်ဥပဒေပုဒ်မ ၂၈(က)ဖြင့် တရားစွဲဆိုပြီး အရေးယူသွားမည် ဖြစ်ကြောင်း သတိပေးချက်အနေ ဖြင့်လည်း ဖော်ပြထားသည်။

လက်ရှိတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် မြို့တော်စည်ပင်မှ တာဝန် ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များပါဝင်သည့် အစားအသောက် ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းထား ပြီး အစားအသောက်များကို စားသုံးရန်သင့်၊ မသင့်စစ်ဆေး၍ အရေးယူခြင်းတို့ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Credit to > 7DAY DAILY < Thank

No comments:

Post a Comment