Pages

Thursday, May 22, 2014

တစ်ကျပ်ခွဲတိုးဖြင့် ကျပ်သန်းပေါင်း ငါးသောင်း သမ၀ါယမ ထုတ်ချေးပေးမည်

ယခုနှစ် မိုးရာသီလုပ်ငန်းစရိတ် ချေးငွေမှ ကျပ်သန်းပေါင်း ငါးသောင်းကို တစ်ကျပ်ခွဲတိုးဖြင့် စတင်ချေးပေးသွားမည်ဖြစ်ကြောင်း သမ၀ါယမ၀န်ကြီးဦးကျော်ဆန်းက မေလ ၁၉ ရက်က သုဝဏ္ဏမိုးလုံလေလုံ ပြုလုပ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး အခမ်းအနားတွင် ပြောကြားသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အမေရိ ကန်ဒေါ်လာသန်း ၇၀၀ ချေးယူခွင့်ရရှိထား သည့်အထဲမှ ပထမအရစ် ဒေါ်လာသန်း ၁၀၀ ကို သမ၀ါယမ၀န်ကြီးဌာနက ချေးငွေ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ မြန်မာတစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် ချေးပေးရန် အနည်းဆုံးလိုအပ်သည့်ငွေမှာ မြန်မာကျပ်ငွေ ဘီလီယံ ၆၀၀ မှ ၃,၀၀၀ ကျော် အထိဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက အဆိုပါအခမ်းအနားတွင် ပြောသည်။
ယခင်နှစ်များက အတိုးနှုန်း နှစ်ကျပ်ခွဲ ယူခဲ့သော်လည်း ယခု မိုးရာသီလုပ်ငန်း စရိတ်ချေးငွေမှ စတင်ကာ အတိုးနှုန်း တစ်ကျပ်လျှော့ချလိုက်ခြင်းဖြစ်သည်။
ယင်းသို့လျှော့ချလိုက်ခြင်းသည် မူလ ချေးထားသည့် တရုတ်နိုင်ငံချေးငွေ၏ အတိုးနှုန်းမှာ တစ်နှစ်လျှင် လေးကျပ်ခွဲနှုန်းသာ ရှိသည့်အတွက်ဖြစ်သည်။
ရန်ကုန်တိုင်းအတွင်း မိုးသီးနှံချေးငွေ သိန်း ၂၆,၇၄၈ ကျော်ထုတ်ချေးပြီး အရစ်ကျ ငွေချေစနစ်ဖြင့် သိန်း ၁၀,၈၃၇ ကျော် တန်ဖိုးရှိ လယ်ထွန်စက် ၆၃၁ စီးနှင့် သိန်း ၇,၀၁၂ သိန်းတန်ဖိုးရှိ အပ်ချုပ်စက်၊ ဆိုက္ကား အ ပါအ၀င် လုပ်ငန်းသုံးပစ္စည်းကိရိယာ ၂,၀၄၄ ခုအတွက် ထုတ်ချေးပေးသွား မည်ဖြစ်သည်။
ထို့ပြင် အသေးစားအရင်းအနှီးချေးငွေ မရရှိသေးသည့် ကျန်ပြည်နယ်နှင့် တိုင်းများတွင် မိုးရာသီလုပ်ငန်း စရိတ်အဖြစ် ချေးငွေကျပ် ဘီလီယံ ၅၀ (ကျပ်သန်းပေါင်း ငါး သောင်း)ကို မေလနှင့် ဇွန်လ၌ တစ်ကျပ်ခွဲ အတိုးနှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဟု ၀န်ကြီးဦးကျော်ဆန်းက ပြောသည်။
ယခင် ချေးထားတဲ့ချေးငွေများအတွက် ယခင်အတိုးနှုန်း နှစ်ကျပ်ခွဲနှင့် ဆက်လက် ဆောင်ရွက်ရမှာဖြစ် ကြောင်း၊ ၎င်းအတိုး နှုန်းများကိုလည်း လျှော့ချနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်း က ထည့်သွင်းပြောကြားခဲ့သည်။
သမ၀ါယမ၀န်ကြီးဌာနမှ အသေးစား အရင်းအနှီးချေးငွေတွင် စိုက်စရိတ်ချေးငွေကို တစ်ဧကကျပ် တစ်သိန်း နှုန်းဖြင့် အများဆုံး ငါးဧက သာထုတ်ချေးပေးပြီး ငွေချေး ယူသူသည် ငွေချေးတိုင်း ၁၀ ရာခိုင်နှုန်းစုဆောင်း ရပြီး သီးနှံထွက်ရှိမှု ကာလ အလိုက် အရစ်ကျပေးချေရမည်ဖြစ်သည်။

Credit to > Mizzima < Thank

No comments:

Post a Comment