Pages

Thursday, May 15, 2014

ကားမှတ်တိုင်တွင် ရပ်စောင့်နေသည့်အမျိုးသမီးနှစ်ဦးကို အရှိန်လွန်သည့်ကားဝင်တိုက်၍သေဆုံး

မေလ(၁၃)ရက်နေ့ မွန်းလွဲ(၃)နာရီ မိနစ်(၂၀)ခန့်က ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီးက မှတ်တိုင်တွင် ရပ်စောင့်နေသော အမျိုးသမီးနှစ်ဦးကို အရှိန်လွန်ပြီး ဝင်တိုက်မိခဲ့သည့်အတွက် အမျိုးမီးနှစ်ဦးမှာ ထိုနေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ရန်ကုန်-ညောင်တုန်းလမ်းအတိုင်း အောင်ဇေယျကြိုးတံတားဘက်မှ မောင်းနှင်လာသည့် အနောက်ပိုင်းခရိုင် အထူးယာဉ်တစ်စီးက ငါးထိပ်မှတ်တိုင်တွင် ကားစီးရန် ရပ်စောင့်နေသော အသက်(၆၇)နှစ်အရွယ် အမျိုးသမီးကြီးနှင့် အသက်(၅၀)နှစ်အရွယ်ခန့်ရှိ အမျိုးသမီး နှစ်ဦးတို့အား အရှိန်လွန်ကာ ဝင်တိုက်မိခဲ့ပြီး အနီးရှိသစ်ပင်နှင့် ညှပ်တိုက်မိသလိုဖြစ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သစ်ပင်နှင့် ညှပ်တိုက်မိသွားသည့်အတွက် အမျိုးသမီးတစ်ဦးမှာ မျက်နှာတောင် ပုံဖော်၍ မရကြောင်း မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦး၏ အပြောအရ သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းဖြစ်သူမှာ အခင်းဖြစ်ပွားပြီး ယာဉ်ထားခဲ့ကာ ရှောင်တိမ်းထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုမှ ထွက်ပြေးသွားခဲ့သော ယာဉ်မောင်းကို လှိုင်သာယာ မြို့မရဲစခန်းတွင် (ပ)၃၆/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄(က)/၂၀၂ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Credit to > EMG < Thank

No comments:

Post a Comment