Pages

Wednesday, May 14, 2014

လမ်းလျှောက်ရင်းဖုန်းပြောနေသူထံမှ ဖုန်းလုယူသူကိုဖမ်းမိ

မေလ(၁၃)ရက်နေ့ ည(၈)နာရီခွဲခန့်က ဗဟန်းမြို့နယ်နေ မဘေဘီနီလုံဦးသည် ၎င်းအလုပ် လုပ်ကိုင်သော ဗိုလ်တထောင်မြို့နယ်မှ လိုင်းကားစီး၍ပြန်လာခဲ့ရာ ဗဟန်းမြို့နယ်၊ ဗဟန်း(၃)လမ်း မှတ်တိုင်တွင်ဆင်းခဲ့ပြီးနောက် နတ်မောက်လမ်းအတိုင်း လမ်းလျှောက်၍ ၎င်း၏ HUAWEI အမျိုးအစားဖုန်းကို နားကြပ်တပ်ပြီး ဖုန်းပြောလျက်ပြန်လာစဉ် နောက်မှလိုက်လာသူ အမျိုးသား တစ်ဦးမှ ၎င်း၏ဖုန်းအား လုယူထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
မဘေဘီနီလုံဦးက အော်ဟစ်အကူအညီတောင်းခံရာ အနီးရှိ ဂျာမနီသံရုံးတွင်လုံခြုံ ရေးတာဝန်ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များနှင့်ပြည်သူများမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့၍ ၎င်းအမျိုးသား အားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖုန်းလုယူ ထွက်ပြေးသွားသူမှာ အသက်(၂၄)နှစ်အရွယ် ဟန်ထွေးဖြစ်၍ သာပေါင်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူဖြစ်ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူ ဟန်ထွေးအား ဗဟန်းမြို့မ ရဲစခန်း(ပ)၂၀၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment