Pages

Tuesday, May 13, 2014

ဆိုင်ကယ်ကယ်ရီမောင်းနှင်သူများနဲ့ စကားများမိလို့ အုပ်စုဖွဲ့ရိုက်နှက်ခံခဲ့ရ၍ သေဆုံး

မေလ(၁၀)ရက်နေ့ ည(၉)နာရီ(၄၅)မိနစ်ခန့်က လှိုင်သာယာမြို့နယ်နေ ဦးဇော်မြင့်တင်မှ ၎င်းနှင့်အတူ ကိုမိုးသူရ၊ ကိုကျော်ဝင်းလှိုင်၊ ကိုသောင်းတင်တို့မှာ အလုပ်ကိစ္စဖြင့် ရွှေလင်ပန်း၊(၁၀၃)ကားဂိတ်သို့ စက်ဘီးဖြင့်သွားရောက်ခဲ့ပြီး ပြန်လာစဉ် စက်ဘီးမှာဘီးပေါက်၍ ကယ်ရီငှားရန်အတွက် ရွှေလင်ပန်းဘုန်းကြီးကျောင်းရှေ့ရှိ ဆိုင်ကယ်ကယ်ရီဂိတ်တွင် ဆိုင်ကယ်ငှားရာမှ ကယ်ရီမောင်းသူများနှင့် စကားများခဲ့သည်။
ထိုသို့စကားများခဲ့ပြီး စက်ဘီးအား ဆက်လက် တွန်းလာစဉ် ရွှေလင်ပန်း တံတားအဆင်းအရောက် စကားများခဲ့သော ဆိုင်ကယ်ကယ်ရီသမား(၆)ဦးခန့်လိုက်လာကာ သစ်သားတုတ်များဖြင့်
ဝိုင်းဝန်းရိုက်နှက်ပြီး လက်သီးနှင့်ထိုးကြသဖြင့် ၎င်းတွင် ဦးခေါင်းနှင့် ၀ဲမျက်ခုံးတို့၌ ဖူးရောင်နာကျင်ဒဏ်ရာများရရှိခဲ့ကြောင်း၊ အတူပါသူ ကိုသောင်းတင်မှာလည်း ယာနားအုံပေါက်ပြဲဒဏ်ရာရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသစဉ်
မေလ(၁၁)ရက်နေ့ မနက်(၅)နာရီက သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လှိုင်သာယာမြို့မရဲစခန်း(ပ)၆၅၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂/၃၂၃/၁၁၄ ဖြင့် အမှုဖွင့်လှစ်ပြီး စုံစမ်းဆောင်ရွက်ခဲ့ရာလှသိန်း၊(၅၀)နှစ်၊၊ ကရင်(ခ)စိုးသိန်း၊ (၂၂)နှစ်၊  သန်းလွင်၊ (၃၆)နှစ်၊ နှင့်  အခြားအမည်မသိ(၃)ဦးတို့က ထိုပြစ်မှုကျူးလွန်ခဲ့ကြကြောင်း စုံစမ်းသိရှိရသဖြင့် ၎င်းတို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Credit to > Mizzima < Thanks

No comments:

Post a Comment