Pages

Thursday, May 22, 2014

ပြစ်မှုကျူးလွန်သူများနှင့် မသင်္ကာသူများကို ကင်ပုန်းဝပ်စောင်ကြည့်ပြီး ဖမ်းမည်

မိုးရာသီကာလအတွင်း ခိုးမှုဖြစ်စဉ်နှင့် ဖောက်ထွင်းမှုဖြစ်စဉ်များမှာ တခြားကာလများထက် ပိုမိုဖြစ်ပွားနေမှုကြောင့် ယင်းကဲ့သို့ ပြစ်မှုကျူးလွန်သူများနှင့် မသင်္ကာသူများကို ထိရောက်စွာ အရေးယူနိုင်ရန် ယခုနှစ် မိုးတွင်းကာလအတွင်းတွင် စီမံချက်ချကာ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
မိုးရာသီကာတွင်  ပြစ်မှုကျူးလွန်သူများနှင့် မသင်္ကာသူများကို မြို့နယ်အသီးသီးတွင် ရဲတပ်ဖွဲ့မှ ကင်းပုန်းဝပ်ကာ စောင့်ကြည့်စစ်ဆေး ဖမ်းဆီးခြင်း ၊ (၂၄)နာရီ အချိန်ပိုင်းခြားပြီး လှည့်ကင်းပတ်ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်နေကြောင်း သိရသည်။
ခိုးမှုကျူးလွန်သူတွေဟာ ရဲတပ်ဖွဲ့ကိုတွေ့ရင် ရှောင်ပြေးနေတဲ့အတွက် ၎င်းတို့ မမြင်နိုင်တဲ့ နေရာတွေမှာ ကင်းပုန်းဝပ်ပြီး စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း ၊ အဆိုပါကဲ့သို့ ကင်းပုန်းဝပ် စောင့်ကြည့် စစ်ဆေးဖမ်းဆီးသည့် စနစ်ကို မြို့နယ်အသီးသီးတွင် ဆောင်ရွက်နေကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် မီဒီယာများအား သတင်းထုတ်ပြန်ရာတွင် ယခုလအတွင်း ခိုးမှုကျူးလွန်သူ ဖမ်းဆီးရမိသည့်ခိုးမှုပေါင်း (၃၈၂)မှုနှင့် ဖောက်ထွင်းမှုတစ်ခုကိုသာ သတင်းထုတ်ပြန်ခဲ့ပြီး ခိုးမှုများမှာ ရန်ကုန်တိုင်းအတွင်း နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

Credit to > EMG < Thank

No comments:

Post a Comment