Pages

Friday, May 23, 2014

မလေးနိုက်ကလပ်၌ ဖမ်းဆီးခံရသူ ၁၇ ဦးတွင် မြန်မာမိန်းကလေး နှစ်ဦးပါဝင်

ရန်ကုန်- မလေးရှားနိုင်ငံ ကပုန်း မြို့ရှိ နိုက်ကလပ်တစ်ခုကို နယ် မြေခံအထူးရဲတပ်ဖွဲ့မှ ၀င်ရောက် ဖမ်းဆီးရာ အကဖြင့် ဖျော်ဖြေတင်ဆက်နေသော မြန်မာအမျိုးသမီးနှစ်ဦးအပါအ၀င် ၁၇ ဦးဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

မေလ ၁၇ ရက်ညက ကွာလာလမ်ပူမြို့နယ် ကပုန်းမြို့ရှိ နိုက်ကလပ်တစ်ခုအား နယ်မြေခံအထူးရဲတပ်ဖွဲ့နှင့် မှုခင်းအရာရှိ ၂၃ ဦးတို့ဝင်ရောက်ဖမ်းဆီးရာ အခြားနိုင်ငံသား ၁၇ ဦးနှင့်  နိုက်ကလပ်တွင် ကပြဖျော်ဖြေနေသော မြန်မာအမျိုးသမီးနှစ်ဦး ဖမ်းဆီးမိကြောင်း မလေးရှားနိုင်ငံ TV7 သတင်းဌာန၌  ဖော်ပြထားကြောင်း သတင်းရရှိသည်။

မြန်မာအမျိုးသမီးနှစ်ဦး အပါအ၀င် ဖမ်းဆီးရမိသောသူများသည် မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်သူများ ဖြစ်ကြောင်း ထိုသတင်းဌာနက ဖော်ပြထားသည်။

‘‘ကပုန်းက နိုက်ကလပ်ကို ဖမ်းဆီးတဲ့အကြောင်းကို TV7 က နေ ထုတ်လွှင့်ပြသသွားပါတယ်။ အဲဒီကလပ်မှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးနှစ်ဦးကိုလည်း ဖမ်းဆီးခံရတဲ့အကြောင်း ပြောပြ သွားပါတယ်။ ကွာလာလမ်ပူအ နီး ကပုန်းမှာ မြန်မာမိန်းကလေး အတော်များများ နိုက်ကလပ်တွေ မှာ အလုပ်လုပ်ကြပါတယ်’’ဟု မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အရေးဆောင်ရွက်ပေးနေသာ ကိုသုတစံက ပြောသည်။

Credit to > 7DAY DAILY < Thank


No comments:

Post a Comment