Pages

Friday, May 16, 2014

ရန်ကုန်လေဆိပ်နှင့် ဆိပ်ကမ်းများကို ပြည်ပအကြမ်းဖက် အဖွဲ့တစ်ခုမှ ဖောက်ခွဲဖျက်ဆီးရန် ကြံစည်လျက်ရှိဟုဆို

ရန်ကုန် မေ ၁၅

 မြန်မာနိုင်ငံ၏ Maritime Security နှင့် ပတ်သက်၍ လွန်ခဲ့သော ရက်သတ္တပတ်ခန့်က ဆိပ်ကမ်းအားလုံးကို ဖြန့်ဝေ အသိပေးထားသော

Security Alert တွင် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဆိပ်ကမ်းများကို နိုင်ငံခြားတိုင်းပြည် တစ်ခုရှိ အစွန်းရောက် အဖွဲ့ အချို့မှ အကြမ်းဖက် ဖောက်ခွဲမှုများ ပြုလုပ်ရန် ကြံစည်လျက်ရှိသည်ကို သိရကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။

အဆိုပါ မြေငအငာန Maritime Security Alert နှင့် ပတ်သက်၍ ခိုင်လုံသည့် အထောက် အထားများ၊ စာရွက်စာတမ်းများ၊ နိုင်ငံ အမည်တို့ကို ရရှိထားသော်လည်း ကြံ စည်သူများမှာ လွတ်မြောက်နေဆဲဖြစ်၍ ခိုင်လုံသည့် သက်သေခံ အထောက်အထား အချက်အလက်များကို တာဝန်ရှိသူများ က ထိန်းသိမ်းထားကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၌ Security ပိုင်းကို အထူးဂရုပြု ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်ဆိပ်ကမ်းများ အနေဖြင့် hf Security Levle 1,2,3 အား လတ်တလောအခြေအနေတွင် အဆင့်မြှင့်တင်မှု မပြုလုပ်သေးသော်လည်း လုံခြုံရေး အထူးဂရုပြုရမည် ဖြစ်ကြောင်းနှင့် လက်နက်နှင့် ခဲယမ်းများ တရားမဝင် ပစ္စည်းများ၊ မသမာသူများ၊ ဆိပ်ကမ်းမှ ဝင်ရောက် လာခဲ့လျှင် သော်လည်းကောင်း၊ လုံခြုံရေးချိုး

ဖောက်မှုဖြစ်၍ မလိုလားအပ်သည့် ပေါက်ကွဲ ပျက်စီးမှုများ ဖြစ်စေနိုင်သည့် အတွက် Mari-times Security ပိုင်းကို အထူးဂရုပြု ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ရေကြောင်းပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဦးက ပြောကြား ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ အနေဖြင့် နိုင်ငံတကာ ကုန်သွယ်မှုနှင့် Export, Import လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အဖွဲ့အစည်းများ စုပေါင်း၍Designated Aulthourity udk Security Planကို 'Security Plan ပါ လုပ်ထုံး လုပ်နည်းအတိုင်း အချိန်နှင့် တစ်ပြေးညီ ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဦး၏ ပြောကြား ချက် အရ သိရသည်။

ယင်းနှင့် ပတ်သက်၍ ရေကြောင်း အန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးသက်ဌေးက 'SecurityAlert နဲ့ ပတ်သက်ပြီး နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အခြားဖြစ်ပေါ်လာမယ့်ဖြစ်စဉ် တွေ၊ သတင်း အချက် အလက် တွေကို အခြေခံပြီး လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်သွားမှာပါ''ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့ (USCG) အဖွဲ့က လာရောက်၍ ဆိပ်ကမ်းလုံခြုံရေး အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည့် နည်းပညာများ၊ စင်ကာပူ နိုင်ငံရှိ Maritime Security နည်းပညာ များအသုံးပြုကာ ရေကြောင်းရဲ တပ်ဖွဲ့ဝင်များ၊ ဆိပ်ကမ်း လုံခြုံရေး အဖွဲ့များနှင့် ရေကြောင်း ကာကွယ်ရေး အဖွဲ့များ ပူးပေါင်းကာ ဆိပ်ကမ်းလုံခြုံရေးကို အထူးဂရုပြုဆောင် ရွက်ရန်လိုကြောင်း မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်ရုံးမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

မောင်မျိုး(ဧရာဝတီ)

Credit to > မြ၀တီ < Thank

No comments:

Post a Comment