Pages

Sunday, May 11, 2014

သစ်ခိုးမှုများအား ရဲတပ်ရင်းများနှင့် စစ်တပ်အကူအညီများ ရယူပြီး ဖမ်းဆီးနေရ

တရုတ်နိုင်ငံသို့ ထွက်နိုင်သော လမ်းကြောင်းများရှိရာ တိုင်းနှင့်ပြည်နယ်လေးခုတွင် သစ်ခိုးထုတ်မှုများပြားလာသည့်အတွက် သစ်တောဦးစီးဌာနက ရဲတပ်ရင်းများနှင့် စစ်တပ်အကူအညီများ ရယူကာ ဖမ်းဆီး အရေးယူဆောင်ရွက်နေရသည်ဟု မြန်မာနိုင်ငံ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဝင်းက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက စတင်ပြီး တပ်မတော်တပ်ရင်းအကူအညီများကို ရယူကာဆောင်ရွက်ခြင်း ဖြစ်ပြီး သစ်တောရဲ ၀န်ထမ်းများဖြင့်လည်းဖမ်းဆီးနေသည်။ သစ်ခိုးထုတ်မှုများတွင် တရုတ်နိုင်ငံသားများ ပါဝင်ပြီး အချို့က လက်နက်များကိုင်ဆောင်ကာ ခိုးထုတ်ယူနေကြသည်ဟု မြန်မာနိုင်ငံသစ်တောဦးစီးဌာန ထံမှ သိရသည်။
သစ်ခိုးထုတ်မှုများ အများဆုံးဖမ်းဆီးရမိသော ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်း၊ မန်္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း အတွင်းမှ ကျွန်းနှင့် သစ်မာအမျိုးစားများဖြစ်သော တမလန်းသစ်များ တစ်ဖက်နိုင်ငံသို့ခိုးထုတ်ရောင်းချမှုများကို တွေ့ရှိရ၍ ရွှေလီ တောင်ဘက်ခြမ်းတွင် စစ်ကြောင်းဖြင့် ဖမ်းဆီးအရေးယူမှုများပြုလုပ်နေသည်ဟု ဆိုသည်။
“ဒီနှစ်အတွင်း သစ်တန်ချိန်ဘယ်လောက်ဖမ်းဆီးရမိတယ်ဆိုတာကတော့ စာရင်းပြန်ကြည့်မှသိရမယ်။ တန်ဖိုးကြီး သစ်ဖြစ်တဲ့ ကျွန်းနဲ့ အခုခေတ်စားနေတဲ့ တမလန်းသစ်ခိုးထုတ်တာတွေအများဆုံး ဖမ်းဆီးမိပါ တယ်” ဟု ညွှန်ကြားရေးမှုးချုပ်က ဆိုသည်။
သစ်တောဦးစီးဌာနက ဖမ်းဆီးရမိသော သစ်အမျိုးအစားတန်ချိန်များကို ထုတ်ပေးနိုင်ရန် အခက်အခဲဖြစ်ပြီး စာရင်းများကို ပြန်ကြည့်ပြီးမှသာလျှင် ပြောဆိုနိုင်မည်ဟု ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။သစ်ခိုးထုတ်မှု များကို ဆက်လက်ကာကွယ်နိုင်ရန် သစ်တောဦးစီးဌာနက သစ်ခိုးထုတ်မှုများသော တိုင်းနှင့် ပြည်နယ်များတွင် ရှောင်တခင် စစ်ဆေးဖမ်းဆီးပြီး သစ်ခိုးထုတ်မှုလျော့ကျရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
လက်ရှိအချိန်တွင် ဆယ်နှစ်အတွင်းသစ်ခိုးထုတ်မှုတန်ချိန်ပေါင်း သုံးသိန်းကိုးသောင်းခန့်ကို ဖမ်းဆီးရရှိ ထားပြီး ၂၀၁၄ ခုနှစ်တွင် ယခင်နှစ်များထက် ပိုမိုဖမ်းဆီးရရှိခဲ့သည်။
သစ်ခိုးထုတ်သူများကို သက်ဆိုင်ရာ သစ်တောဥပဒေအရ အရေးယူဆောင်ရွက်နေပြီး မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်း ဧက ၇၈ သန်းကျော် ရှိသည်။
မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်း ဧက ၇၈ သန်းခန့် ရှိပြီး ၂၀၀၄ ခုနှစ်မှ စ၍ တန်ချိန် သုံးသိန်းကိုး သောင်းခန့်ကို ဖမ်းဆီးရမိခဲ့ပြီး သစ်ခိုးသူများကို သက်ဆိုင်ရာ သစ်တောဥပဒေအရ အရေးယူ ဆောင်ရွက်မှုများပြုလုပ်ခဲ့သည်။
Credit to > Mizzima < Thanks

No comments:

Post a Comment