Pages

Thursday, May 22, 2014

ဒေါက်တာ သန်းငြိမ်း ကွယ်လွန်

 အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ခေါင်းဆောင် ဒေါက်တာသန်းငြိမ်း (၇၆) နှစ်ဟာ မေလ ၂၁ ရက် မနက် ၇ နာရီက ရန်ကုန်မြို့၊ ပင်လုံဆေးရုံမှာ အသည်းရောဂါနဲ့ ကွယ်လွန်သွား ပါတယ်။

ယခင် စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နဲ့ ဆွေမျိုးတော်စပ်သူ ဒေါက်တာသန်းငြိမ်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ထိပ်တန်းခေါင်းဆောင်တဦးအဖြစ် တာဝန်ယူခဲ့ပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရဖူးတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်မှာ ထောင်က ပြန်လွတ်လာပြီးနောက် ၂၀၁၀ ရွေးကောက်ပွဲအကြိုကာလမှာ အန်အယ်လ်ဒီပါတီက နုတ်ထွက်ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ထူထောင်ခဲ့သူ ဖြစ်ပါတယ်။

  By ဒီဗွီဘီ


ဒေါက်တာ သန်းငြိမ်း

No comments:

Post a Comment