Pages

Thursday, May 15, 2014

မြစ်သားနှင့် မန္တလေးပြေးဆွဲသည့် ဟိုင်းလတ်ယာဉ် တိမ်းမှောက်

 မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်-မန္တလေးလမ်းမ တမာတန်းထိပ်တွင် မြစ်သားနှင့်မန္တလေး ပြေးဆွဲနေသည့် ဟိုင်းလတ်ယာဉ်သည် မေလ ၁၄ ရက် ညနေ ၄ နာရီ တွင် တိမ်းမှောက်ခဲ့ကာ ခရီးသည်လေးဦး ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရသူများကို ပတ်ဝန်းကျင်က ကူညီကာ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာများမှာလည်း မစိုးရိမ်ရဟု မျက်မြင်တွေ့သူများက ပြောသည်။

အဆိုပါယာဉ်တိမ်းမှောက်သောနေရာသည် လူသွားလူလာများပြီး ယာဉ်များခရီးသည်လု မောင်းနှင်ခြင်းများကြောင့်
ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်းလည်း သိရသည်။ ယာဉ်တိုက်မှုဖြစ်ပွားမှုကို ပတ်ဝန်းကျင်က သက်ဆိုင်ရာသို့ အကြောင်းကြားထားကြောင်းသိရသည်။

 အောင်ကိုဦး
Credit to >  Mizzima - News in Burmese < Mizzima

(ဓာတ်ပုံ- အောင်ကိုဦး)

No comments:

Post a Comment