Pages

Thursday, May 22, 2014

ရန်ကုန်မြို့၏ ရေစီးရေလာကောင်းမွန်ရေး ကျပ်ငွေ နှစ်ဘီလျံကျော် သုံးစွဲမည်

မိုးရာသီသို့ရောက်တိုင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့် ရန်ကုန်မြို့အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများ တည်ဆောက်ရန် ကျပ်သန်းပေါင်း နှစ်ထောင်ကျော် သုံးစွဲမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
အင်္ဂလိပ်လက်ထက်ကတည်းက တည်ဆောက်ခဲ့သော ရေမြောင်းစနစ်များကို ရန်ကုန်မြို့တွင် အသုံးပြုနေရပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့်လည်း မိုးရွာသည်နှင့် ရေမြောင်းများ ပိတ်ဆို့ကာ ရေကြီးမှုများ ဖြစ်ပွားနေကြောင်း သိရသည်။
ယခုအခါ အပတ်စဉ် စနေနေ့တိုင်း ရန်ကုန်မြို့တွင် ရေစီးရေလာ ကောင်းမွန်ရေး ၊ ရေမြောင်းများ ပိတ်ဆို့မှု မရှိစေရေးအတွက် ရှင်းလင်းခြင်းလုပ်ငန်းများကို အထူးသန့်ရှင်းရေးအနေဖြင့် ပြုလုပ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ယခုဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့၏ လမ်းနှင့်တံတားဆိုင်ရာ လုပ်ငန်းများအတွက် ကျပ်သန်းပေါင်း (၅၃၁၅၄.၄)သန်း အသုံးပြုသွားမည်ဟု သိရသည်။

Credit to > EMG < Thank

No comments:

Post a Comment