Pages

Wednesday, May 14, 2014

ဆေးလိပ်မီးငြှိရာမှ အရက်ဆီဘူးအားတိုက်မိကာ မီးလောင်၍ဒဏ်ရာရခဲ့သောသူ သေဆုံး

မေလ(၁၁)ရက်နေ့က လှည်းကူးမြို့နယ်၊ ၀ါးယားကုန်းကျေးရွာ ရွာသစ်တွင် အမျိုးသားတစ်ဦး မီးလောင်ကျွမ်းခံရ၍ နေအိမ်တွင် ဆေးကုသနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်ပံမှာ မေလ(၂)ရက်နေ့ နေ့လည်ပိုင်းက အသက်(၅၅)နှစ်အရွယ် ဦးညွန့်ရွှေသည် နေအိမ်၌အရက်သောက်နေစဉ် ဆေးလိပ်မီးငြှိရာမှ အရက်ဆီဘူးအား လက်ဖြင့်တိုက်မိခဲ့ပြီး မီးလောင်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ မီးလောင်ခဲ့သဖြင့် လည်ပင်း၊ ၀မ်းဗိုက်၊ ၀ဲ/ယာခြေထောက်များတွင် မီးလောင်ဒဏ်ရာများ ရရှိထားပြီး ယင်းဒဏ်ရာများအား နေအိမ်တွင်ဆေးကုသနေခဲ့ရာမှ  မေလ(၁၁)ရက်နေ့တွင်
သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ လှည်းကူးမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၅/၂၀၁၄)ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment