Pages

Wednesday, May 14, 2014

နိုက်ကလပ်များနှင့် KTV များ ည(၁၂)နာရီအချိန်အထိသာ ခွင့်ပြုထား

ရန်ကုန်တိုင်းအတွင်း ညပိုင်းမှုခင်းဖြစ်ပွားမှုနှုန်း တိုးလာခဲ့သောကြောင့် နိုက်ကလပ်များနှင့် KTV များအား ည ၁၂ နာရီ အထိသာဖွင့်ရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှ နိုဝင်ဘာလ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် ဆိုင်များမှ ပိုင်ရှင်များနှင့် မန်နေဂျာများကို ခေါ်ပြောခဲ့ကြောင်း သိရသည်။
သို့ပေမယ့် ညပိုင်းမှုခင်းဖြစ်ပွားမှုနှုန်းပေါ် မူတည်၍ နိုက်ကလပ်များနှင့် KTV များကို မူလအချိန်အတိုင်း ပြန်လည်ခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ယခုလက်ရှိအချိန်ထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုက်ကလပ်နှင့် စင်တင်စားသောက်ဆိုင် ၁၅၀ ကျော်နှင့် တရားဝင်ဖွင့်လှစ်နေသည့် KTV ဆိုင်ပေါင်း ၁၅ ခုကျော် ရှိနေကြောင်း ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးမြင့်ထွေးက ပြောကြားခဲ့သည်။
 Credit to > EMG < Thank

No comments:

Post a Comment