Pages

Sunday, May 18, 2014

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှ သက်တမ်းတစ်နှစ်တိုး

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲမှုများ နောက်ပြန်မလှည့်စေရန်အတွက် မြန်မာနိုင်ငံအပေါ် ထားရှိသော အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးပိတ်ဆို့မှုအား နောက်တစ်နှစ် ထပ်မံသက်တမ်းတိုးလိုက်ကြောင်း သိရသည်။
အမေရိကန်သမ္မတ အိုဘားမားက ကွန်ဂရက်လွှတ်တော်သို့ မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲမှုများ ရှိသော်လည်း စီးပွားရေးပိတ်ဆို့မှု သက်တမ်းတိုးရန် လိုအပ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
၁၉၉၀ နှစ်လည်ပိုင်းများအတွင်း ဒီမိုကရေစီလှုပ်ရှားမှုများကို နှိမ်နင်းခဲ့သည့် အဓိကခေါင်းဆောင်များနှင့် ဆက်စပ်၍ စီးပွားရေးလုပ်ကိုင်မှု နှင့် ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်သည့် National Emergencies Act ကို တစ်နှစ်သက်တမ်းတိုးရန် အမေရိကန်သမ္မတ အိုဘားမားက လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပိတ်ဆို့မှုကို နောင်တစ်နှစ် သက်တမ်းထပ်တိုးတာဟာ မကောင်းမှုကျူးလွန်သူတွေရဲ့ လုပ်ဆောင်ချက်တွေကို ကန့်သတ်ဖို့နဲ့ ပိတ်ဆို့မှုတွေ အကုန်ရုပ်သိမ်းဖို့ ဖြစ်လာနိုင်တဲ့ ပြုပြင်ပြောင်းလဲမှု နောက်ပြန်လှည့်မှုကို တားဆီးဖို့အတွက်ပါ ဟု အိမ်ဖြူတော် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ Patrick Ventrell က ပြောကြားခဲ့သည်။
Credit to > EMG < Thank

No comments:

Post a Comment