Pages

Saturday, June 7, 2014

10 တန်းအောင် ကျောင်းသား/သူများအတွက် အနာဂတ်ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း အခမဲ့ ဟောပြောပွဲ MCC Seminar

10 တန်းအောင် ကျောင်းသား/သူများအတွက် အနာဂတ်ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း အခမဲ့ ဟောပြောပွဲ MCC ပညာရေး ဆွေးနွေးဟောပြောပွဲကို (15.6.2014) ရက်နေ့ တနင်္ဂနွေနေ့ နံနက် (9:00) အချိန်တွင် မော်လမြိုင်မြို့ ငွေမိုးဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ပါမည်။ အဆိုပါ နည်းပညာ ပညာရေး ဟောပြောပွဲသို့ ရန်ကုန် MCC ရုံးချုပ်မှ ဆရာဦးငြိမ်းဦးကိုယ်တိုင် "အနာဂတ်ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း" စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးဟောပြောပေးသွားမည် ဖြစ်ပါသည်။ စိတ်ပါဝင်စားသော မိဘပြည်သူများ ကျောင်းသား/ကျောင်းသူများနှင့် ရဟန်း ရှင်လူများပါ အခမဲ့တက်ရောက်နိုင်ပါသည်။
ကျိုက်ထို MCC သင်တန်းကျောင်းမှ သင်တန်းသား/သူများ ပညာရေး ဆွေးနွေးပွဲသို့ တက်ရောက်လိုပါက ကျိုက်ထို MCC သင်တန်းကျောင်းတွင် စာရင်းကြိုတင် ပေးသွင်းနိုင်ပါသည်။

No comments:

Post a Comment