Pages

Monday, June 16, 2014

မဟာဗန္ဓုလတံတားအဆင်းတွင် ယာဉ်တိုက်မှုဖြစ်ကာ (၇)ဦးဒဏ်ရာရ

ရန်ကုန်၊                                                                                                                    ဇွန် ၁၅
၁၄.၆.၂၀၁၄ ရက်နေ့ ၁၇၄၅ အချိန် ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်း အတိုင်း အရှေ့မှ အနောက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသည့် ၄က/---- ဟွန်ဒိုင်းအဖြူရောင်(ဘိလပ်မြေဖျော်စက်တင်ယာဉ်) သည် မဟာဗန္ဓုလတံတားအဆင်း တာဝတိံသာလမ်းထိပ်သို့အရောက် ယာဘက်သို့ချိုးကွေ့မောင်းနှင်စဉ် အရှိန်လွန်ကာ ၎င်းရှေ့မှမောင်းနှင်နေ
သည့် 7A ---- လိုက်ထရပ် အဖြူရောင်ကိုယ်ပိုင်ယာဉ်အား နောက်မှ
တိုက်မိခဲ့ပြီး ၄က/---- ဟွန်ဒိုင်းယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာထွက်ပြေး တိမ်းရှောင် သွားခဲ့ပါသည်။

ထိုသို့တိုက်မိသည့်အရှိန်ကြောင့် 7A ---- လိုက်ထရပ်ယာဉ်မှ အိုးရှင်း
စင်တာရှေ့ ယာဉ်ပါကင်တွင် ရပ်ထားသော ၇ဃ/---- WTI အနီရောင် ကိုယ်ပိုင်ယာဉ်၊ 7D ----- နှင့် 7F---- ဟွန်ဒါဖစ်အဖြူရောင် ကိုယ်ပိုင်ယာဉ်
(၂)စီးတို့အားဝင်ရောက်တိုက်မိကာ မျက်နှာချင်းဆိုင်မှ
မောင်းနှင်လာသော 2E-----မစ်ဇူဘီရှီ အဖြူရောင် ကိုယ်ပိုင်ယာဉ်နှင့်
BB ----- စူပါရုဗင် အဖြူရောင်အငှားယာဉ်တို့ကို ဆက်လက်တိုက်မိခဲ့
ပါသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်(၇)စီးပျက်စီးပြီး 7A---- လိုက်ထရပ်
ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ ကျား(၄)ဦး၊ မ(၂)ဦးတို့တွင် ဖူးရောင်၊
ပေါက်ပြဲ၊ နာကျင်ဒဏ်ရာများရရှိခဲ့ကြသဖြင့် ရန်ကုန်ဆေးရုံကြီးတွင်
ပြင်ပလူနာ များအဖြစ်ကုသခဲ့ရပါသည်။
ယင်းသို့ မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုဖြစ်ကာထွက်ပြေး တိမ်းရှောင်သွားသူ ၄က/---- ဟွန်ဒိုင်း ယာဉ်မောင်းအား ပုဇွန်တောင်မြို့မ
ရဲစခန်း ယာဉ်(ပ)၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇/၂၇၉/၂၀၂ ဖြင့် အမှုဖွင့် အရေးယူကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment