Pages

Friday, June 20, 2014

တာမွေတွင် လူဝတ်လဲခံ သံဃာငါးပါးအား ရုံးထုတ်

လူဝတ်လဲပြီး အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသည့် လန်ဒန်ဆရာတော် အပါအဝင် သံဃာငါးပါးကို တာမွေတရားရုံးသို့ ဇွန်လ ၂၀ရက် နံနက် ၁၀နာရီ ၁၅မိနစ်တွင် ခေါ်လာလာပြီဟု သိရသည်။
ထိုနေရာသို့ ရွှေညဝါဆရာတော် ဦးပညာသီဟ၊ ဦးဝီရသူနှင့် ဦးပါမောက္ခ(မကွေးကျောင်းတိုက်)တို့ ရောက်ရှိနေ ပြီး သံဃာများအပါအဝင် တရားရုံးရှေ့တွင် လူအင်အား ၃၀၀ခန့် ရောက်ရှိနေသည်။
လူဝတ်လဲခံ သံဃာငါးပါးကို ရုံးထုတ်လာစဉ်  ‘အပြစ်မဲ့သံဃာတော်များ လွတ်မြောက်ပါစေ’ ဟု ရွှေညဝါဆရာတော်က ကြွေးကြော်သံဖြင့် ဆုတောင်းနေကြောင်း သိရသည်။
ဇွန်လ ၁၀ညက တာမွေ၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတိုက်အား သံဃာအချို့နှင့် ရဲတပ်ဖွဲ့များ စွာ သုံးပြီး ကျောင်းတိုက်ရှိ သံဃာ အပါး ၂၀အား ဖမ်းဆီးပြီးနောက် အဆိုပါ သံဃာ ၅ပါးကို လူဝတ်လဲပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ထားခြင်းဖြစ်သည်။

Credit to > Mizzima < Thank

No comments:

Post a Comment