Pages

Friday, June 20, 2014

ဘောလုံးသမား ကြည်လင်းအား အသက်မပြည့်သေးသူအား အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲ

အမျိုးသမီးတစ်ဦးက ကမာရွတ်မြို့နယ် ရဲစခန်းတွင် ရန်ကုန်ယူနိုက်တက် ကစားသမား ကြည်လင်းကို အမှုဖွင့် တိုင်ကြားထားပြီး အမှုဖွင့်အရေးယူနိုင်ရန် ဆေးစစ်ချက်များ စောင့်ဆိုင်းနေသည်ဟု ကမာရွတ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
သားမယား ပြုကျင့်ခံရသည်ဆိုသည့် တိုင်ကြားထားသည့် အမျိုးသမီးမှာ အသက် ၁၇ နှစ်အရွယ်သာရှိသေးကြောင်း တိုင်ကြားရာတွင် ထည့်သွင်းခဲ့သည်ဟု အထက်ပါ ရဲတပ်ဖွဲ့ဝင်က ဆိုသည်။
အထက်ပါ ရဲတပ်ဖွဲ့ဝင်က “ကြည်လင်းကို ကျွန်တော်တို့ဆီမှာ လာရောက် တိုင်ကြားထားတာတော့ အမှန်ပါပဲ။ ဇွန်လ ၁၆ ရက်က လာရောက် တိုင်ကြားသွားတာပါ။ ဒါပေမဲ့ ဒီအမှုကို ဘယ်လိုပုဒ်မမှ မတပ်ရသေးသလို ဘယ်လို စစ်ဆေးမှုတွေမှလည်း မပြုလုပ်ရသေးပါဘူး” ဟု ဆိုသည်။
ရဲဌာနအနေနှင့် ရန်ကုန်ယူနိုက်တက်အသင်းကို ဆက်သွယ်၍ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိအချိန်ထိ မည်သည့်ပုဒ်မဟု အမှုနာမည်တပ်၍ မရသေးဘဲ တိုင်ကြားသည့် အမျိုးသမီးကိုလည်း စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကာ ဆေးစစ်ချက်ကို စောင့်ဆိုင်းနေသည်ဟု ဆိုသည်။
ရန်ကုန်ယူနိုက်တက်အသင်း မီဒီယာဌာနမှ ဦးအောင်ပိုင်ကမူ “ကြည်လင်းရဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ ဘာမှ မသိရသေးပါဘူး” ဟု ဆိုသည်။
ဆီးဂိမ်းတွင် ရရှိခဲ့သော ဒဏ်ရာကြောင့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များကို ကစားနိုင်ခြင်း မရှိသော တိုက်စစ်မှူးကြည်လင်းမှာ လာမည့် ရာသီတွင် ရတနာပုံအသင်းသို့ ပြောင်းရွှေ့တော့မည်ဟု သတင်းများ ထွက်ပေါ်နေခဲ့သူ ဖြစ်သည်။
ယနေ့မနက် လူမှုကွန်ယက် ဖေ့စ်ဘုတ် (Facebook) မှာတော့ အဆိုပါ မိန်းကလေးနှင့် ကြည်လင်းတို့ လက်ထပ်လိုက်ပြီဆိုသော သတင်းထွက်ပေါ်လာခဲ့ပါသည်။

Credit to > Mizzima < Thank

No comments:

Post a Comment