Pages

Friday, June 20, 2014

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မှ ရပ်စဲ

သာသနာရေးဝန်ကြီးဖြစ်သည့် ဦးဆန်းဆင့်အား တာဝန်မှ ရပ်စဲလိုက်သည်ဟု သမ္မတရုံးဝက်ဆိုက်ဒ်တွင် ဇွန်လ ၂၀ ရက်က ထုတ်ပြန်လိုက်သည်။
သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား အာမခံပေး၍မရသည့် ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု ပုဒ်မ ၄၀၉/ ၁၀၉ ဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဦးဌေးလွင်က ဇွန်လ ၁၉ရက် မွန်းလွဲ  ၁ နာရီခန့်တွင် အမှုဖွင့်ပြီးနောက် သမ္မတဦးသိန်းစိန်က တာဝန်မှ ရပ်စဲလိုက်ခြင်းဖြစ်သည်။
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်း၊ စခန်းမှုး ဒုရဲမှူး ကြာညိုက ‘ဒီပုဒ်မက အာမခံပေးလို့ မရပါဘူး’ ဟု ပြောသည်။
သာသနာရေးဝန်ကြီး ဦးဆန်းဆင့်အား ငွေသိန်း ၁၀၀ ခန့် အလွဲသုံးမှုဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက နေပြည်တော်၊ လယ်ဝေးမြို့နယ် ယက်ကန်းစင်တောင် ကျေးရွာရှိ နှစ်ကျိပ်ရှစ်ဆူ အောင်တော်မူ စေတီတော်ကို မိသားစု အလှူတစ်ရပ်အဖြစ် ထီးတော်တင်ရာ၌ ဌာနပိုင် ဘဏ္ဍာငွေ သိန်း ၁၀၀ ကျော်ကို ထုတ်ယူသုံးစွဲခဲ့ပြီး ယင်းငွေများအနက် ၂၈ သိန်းကျော်ကို ပြန်လည်အပ်နှံခဲ့ရာ ၇၂သိန်းကျော်ကို အလွဲသုံးမှုဖြင့် ဦးဆန်းဆင့်အား အရေးယူထားခြင်းဖြစ်ကြောင်း Eleven Media က ရေးသားထားသည်။

Credit to > Mizzima < Thank

No comments:

Post a Comment