Pages

Friday, June 20, 2014

ကင်ပွန်းစခန်းက ရင်ဖွင့်သံ

ကျနော်တို့ သတင်းသဲသဲကြားတယ်ဗျာ
ကျနော်တို့ ပျော်နေကြတဲ့အရာ အဲဒါကြီးပြီးသွားရင်တော့
မီးအားတွေ ကောင်းသွားမယ်ဆိုတဲမျော်လင့်ချက်
အားလုံးစုတ်ပျက်သွားသလိုပဲ
ကျေးရွာမြေပေါ်မှာရှိပြီး ကျေးရွာအတွက် ဘာမှ မပေးဆပ်ပါဘူးတဲ့
အဲ့မီးမြှင့်တဲ့ဟာကြီးက လိုင်း ၃သုံးခု ခွဲထွက်မှာ ဖြစ်ပြီး
တစ်လိုင်းက ငှက်ပျောတော ကျေးရွာအတွက်
တစ်လိုင်းက တောင်းပေါ်အတွက်
အဲ့ နောက်တစ်လိုင်းကတော့
ကျေးရွာအတွက် လို့ထင်နေသလား
NO NO ကျိုက်ထီးရိုး ကို လမ်းသစ်ဖောက်နေတဲ့ မိုးဘောအတွက်တဲ့
ကျေးရွာအတွက်လား ဟာ ဟ နဂိုအတိုင်းပဲ ဒုက္ခတောမှာပဲနေတော့့
အ တဲ့သူတွေ ခံပေါ့ ရင်နာဖို့ ကောင်းလိုက်တာ
စဉ်းစားကြည့်ပါအုံး
တောင်ကလေးကျေးရွာ ကြည့် ကျေးရွာထရွန်စဖော်မာ တပ်ပြီးသွားပြီး
လမ်းမီးတွေဘာတွေနဲ့ အားကျစရာ
ခု အင်းဝ ထရန်စဖော်မာ မကြာခင်တပ်တော့မယ်
တပ်ဆင်မဲ့နေရာ လုပ်ပြီးသွားပြီး အားကျစရာ
ကင်မွန်းစခန်းလား စံပြ ကျေးရွာလေ
တစ်ယူနစ် ၁၀၀ နဲ့ သုံးကောင်းတုန်း
မီတာထိန်းသိမ်းခ ၁၀၀၀ လတိုင်းပေးရတာ ကျေနပ်နေတုန်း
မီးသွယ် ဖြူစ်ပျက် အဟောက်ခံရတာ သဘောကျတုန်း
အားလုံး အိပ့်ရာက နိုးကြပါတော့ ဗျာ
ဘာမဟုတ်တဲ့ ကျေးရွာတွေတောင် လုပ်နိုင်ကြသေးတာပဲ
ကျနော်တို့ရွာမှာ ချမ်းသာတဲ့သူတွေ များပါတယ်ဗျာ
ကျေးရွာမြေ ပေးလိုက်ရပြီး ကျေးရွာအတွက်ပြန်မရတာ
ရင်ထဲမကောင်းဘူးဗျာ
ဖယောင်တိုင်ထွန်းမှ ကျေရွာပိုင် ထရွန်စဖော်မာရမယ်ဆိုရင်
ကျနော်တို့ကိုခေါ်လိုက် အက်ဒမင်တွေ ဖယောင်တိုင်ကိုငပြီး
ထွက်လာကြမယ်ဗျို့  


No comments:

Post a Comment