Pages

Friday, June 20, 2014

သမ္မတအကြံပေးအဖွဲ့ သုံးခု တိုးချဲ့ဖွဲ့စည်း

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အကြံပေးအဖွဲ့ သုံးခုကို တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ယင်းသို့ ဖွဲ့စည်းရာတွင် သာသနာရေးအကြံပေးပုဂ္ဂိုလ် နှစ်ဦးအပါအဝင် ပုဂ္ဂိုလ်ခြောက်ဦးအား နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ဝင်များအဖြစ် ခန့်အပ်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအား ပြည်ထောင်စုအစိုးရ၏ အမိန့်ကြော်ငြာစာအမှတ် ၄၀/၂၀၁၄ ဖြင့် ဇွန်လ(၁၉)ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် ထုတ်ပြန်ကြေငြာထားကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ အကြံပေးအဖွဲအဖြစ် သာသနာရေးအကြံပေးအဖွဲ့ ၊ ကျန်းမာရေးအကြံပေးအဖွဲ့ ၊ ပညာရေးအကြံပေးအဖွဲ့ တို့ကို တိုးချဲ့ဖွဲ့စည်းခဲ့ရာ သာသနာရေးဝန်ကြီးဌာန အငြိမ်းစားဝန်ကြီး သူရမြင့်မောင်အား သာသနာရေးအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင်အဖြစ် လည်းကောင်း ၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)မှ အငြိမ်းစာဝန်ထမ်း ဒေါက်တာရင်ရင်နွယ်အား ပညာရေးအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခဲ့သည်။
နိုင်ငံတော်သမ္မတ အကြံပေးအဖွဲဝင်များအဖြစ် အငြိမ်းစားသံအမတ်ကြီးဟောင်း ဦးစိန်ဝင်းအောင်အား သာသနာရေးအကြံပေးအဖွဲ့ဝင်အဖြစ် လည်းကောင်း ၊ အငြိမ်းစားဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်နုနုသာအား ကျန်းမာရေးအကြံပေးအဖွဲ့ဝင်အဖြစ် လည်းကောင်း ၊ ဒေါက်တာ ကျော်ရင်လှိုင်အား ပညာရေးအကြံပေးအဖွဲ့ဝင်အဖြစ် လည်းကောင်း ၊ အငြိမ်းစားညွှန်ကြားရေးမှူးချုပ် ဦးတင်ထွဋ်အား စီးပွားရေးအကြံပေးအဖွဲ့ဝင်အဖြစ် လည်းကောင်း ခန့်အပ်တာဝန်ပေးခဲ့သည်။

Credit to > Eleven Media Group < Thank

No comments:

Post a Comment