Pages

Wednesday, June 4, 2014

နောက်သို့ပြန်လိမ့်သော ယာဉ်ပေါ်မှခုန်ချသူ အမျိုးသမီးအား ယာဉ်ကြိတ်ခံရ၍ သေဆုံး

ဇွန်လ(၁)ရက်နေ့ မနက်(၈)နာရီ မိနစ်(၂၀)ခန့်က မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ တိုက်ဂါးဘီယာစက်ရုံလမ်းအတိုင်း အရှေ့မှအနောက်သို့  မောင်းနှင်လာသော ခရီးသည်ယာဉ်လိုင်း အမှတ်(၁၉၈) ဒိုင်နာခရီးသည်တင်ယာဉ်သည် ဂျိုးဖြူရေပိုက်လိုင်း ကုန်းတက်အရောက် ထိုယာဉ်မှာ နောက်သို့ပြန်လိမ့်ကျခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ယာဉ်အနောက်သို့ လိမ့်နေစဉ် ယာဉ်ပေါ်ပါခရီးသည် အသက်(၂၉)နှစ်အရွယ် မခင်ခင်ကျော်က ယာဉ်ပေါ်မှခုန်ချခဲ့သဖြင့် ယာဉ်၏ဘီးဖြင့်ကြိတ်မိခဲ့ကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယာဉ်မောင်းမှာမူ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ယာဉ်အားပေါ့လျော့စွာမောင်းနှင်သူ ယာဉ်မောင်း(စုံစမ်းဆဲ)အား ထောက်ကြန့်နယ်မြေရဲစခန်း၌ ယာဉ် (ပ)၃၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment