Pages

Tuesday, July 29, 2014

အမြန်လမ်းမကြီးပေါ် ယာဉ်မတော်တဆမှုဖြစ်ပါက Hot Line နံပါတ် ၁၈၈၀ သို့ ခေါ်ယူနိုင်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတလျောက် ယာဉ်မတော်တဆမှုများ ဖြစ်ပွားပါက Hot Line နံပါတ် ၁၈၈၀ သို့ အရေးပေါ်ခေါ်ဆိုမှုကို ဇူလိုင်(၂၈)ရက်နေ့မှ စတင်ခေါ်ယူပြီး အကူအညီတောင်းခံနိုင်ပြီဖြစ်ကြောင်း သိရသည်။
ထို Hot Line နံပါတ် ၁၈၈၀ ဟာ ယာဉ်မတော်တဆမှုများကို သတင်းမေးခေါ်ဆိုနိုင်ဖို့ ထားခြင်းမဟုတ်ဘဲ ယာဉ်မတော်တဆမှုဖြစ်ပါက အကူအညီတောင်းနိုင်ရန် နှင့် သတင်းပေးပို့နိုင်ရန် ဖြစ်ကြောင်း Blue Ocean Operating Management မှ ဒါရိုက်တာ ဦးတင်ကိုကိုဝင်းက ပြောဆိုခဲ့ကြောင်း သိရသည်။
၎င်းဖုန်းလိုင်း၏ လုပ်ဆောင်မှုမှာ အဆိုပါဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်ပြီဆိုပါက သက်ဆိုင်ရာ အကူအညီပေးသည့် အဖွဲ့အစည်းများ ငါးမိနစ်အတွင်း ရောက်ရှိအောင် Hot Line နံပါတ် ၁၈၈၀မှတဆင့် အကူအညီပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် အမြန်လမ်းရဲတပ်ဖွဲ့ ၊ မီးသတ်ယာဉ် ၊ လူနာတင်ယာဉ် နှင့် ပြုပြင်ထိန်းသိမ်းရေးယာဉ်များမှ လာရောက် အကူအညီပေးမည်ဖြစ်ကာ စီစဉ်ဆောင်ရွက်ပြီးမှုများကို မူလအကူအညီတောင်ခံသူသို့ ဖုန်းနံပါတ် ဝ၁၂၃၉၉၈၈၀ မှ ပြန်လည်သတင်းပို့ပေးသွားမည်ဟု သိရသည်။
Hot Line နံပါတ် ၁၈၈၀ အကြောင်းမိတ်ဆက်သည့် စာနယ်ဇင်းရှင်းလင်းပွဲကို ဇူလိုင်လ(၂၈)ရက်နေ့က ရန်ကုန်မြို့ရှိ Orchid ဟိုတယ်တွင် Blue Ocean ကုမ္ပဏီမှ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Credit to > Mizzima < Thank

No comments:

Post a Comment