Pages

Sunday, July 20, 2014

လူ ၂၉၅ ဦးတင်ဆောင်ခဲ့သော မလေးရှားလေယာဉ် ယူကရိန်းတွင် ပျက်ကျ

လူ ၂၉၅ ဦး လိုက်ပါသွားခဲ့သော မလေးရှား ခရီးသည်တင် လေယာဉ် တစ်စီး ရုရှားနယ်စပ်အနီး ယူကရိန်းနိုင်ငံတွင် ပျက်ကျသွားခဲ့ကြောင်း လေကြောင်းလုပ်ငန်းဆိုင်ရာ သတင်းရင်းမြစ် တစ်ခုကို ကိုးကား၍ အင်တာဖက်စ် (Interfax) သတင်းဌာနက ကြာသပတေးနေ့ (ဇူလိုင် ၁၇ရက်)က ဖော်ပြခဲ့သည်။
ဘိုးအင်း လေယာဉ်မှာ အမ်စတာဒမ် (Amsterdam) မှနေ၍ ကွာလာလမ်ပူသို့ ပျံသန်းသွားသော လေယာဉ်ဖြစ်သည်။
ထို မလေးရှား “လေယာဉ်ကပ်ဘေး” နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ယူကရိန်း ဝန်ကြီးချုပ်က အမိန့်ထုတ်ပြန်ခဲ့ပြီး၊ လေယာဉ်မှာ အမ်စတာဒမ် မှနေ၍ အသွား လမ်းခရီးတွင် ထိုကဲ့သို့ ပျက်ကျသွားခဲ့ခြင်း ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနတွင် ဖော်ပြထားသည်။
မလေးရှား လေယာဉ်အနေဖြင့် ရုရှားဝေဟင်ပိုင်နက်ထဲသို့ ဝင်ရောက်ခြင်း မရှိခဲ့ဘဲ ယူကရိန်း အရှေ့ပိုင်းတွင် ထိုကဲ့သို့ ပျက်ကျသွားခြင်း ဖြစ်ကြောင်း ရုရှား လေကြောင်းလုပ်ငန်း သတင်းရင်းမြစ် တစ်ခုက ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့သည်။ ယူကရိန်း အရှေ့ပိုင်းဒေသမှာ ရုရှားလိုလားသူ သူပုန်များနှင့် ယူကရိန်းအစိုးရတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေသော ဒေသဖြစ်သည်။
ထို ဘိုးအင်း ခရီးသည်တင် လေယာဉ်မှာ ရေဒါပေါ်မှ ပျောက်ကွယ်သွားခဲ့ပြီး၊ ပုန်ကန်မှုတိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ဒိုးနက်(စ်) ဒေသရှိ ရှက်တာ့စ်က် (Shaktarsk) မြို့ အနီးတွင် ပျက်ကျသွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် အရေးပေါ်ဌာနများမှ အဖွဲ့များအနေဖြင့် ထိုနေရာသို့ ရောက်ရှိရန် ကြိုးစားခဲ့ကြကြောင်း အမည်မဖော်လိုသော လုံခြုံရေး သတင်းရင်းမြစ် တစ်ခုက အင်တာဖက်စ်-ယူကရိန်း သတင်းဌာနကို ပြောပြခဲ့သည်။

Credit to > Mizzima < Thank

No comments:

Post a Comment