Pages

Tuesday, July 29, 2014

လက်ထပ်ရန်ငြင်းဆန်သည့် မိန်းကလေးကိုသတ်ပြီး ကိုယ်တိုင်သတ်သေသူ

ပြည်၊ ရွှေတောင်မြို့မှ ယောက်ျားလေးတစ်ဦးသည် မိန်းကလေးတစ်ဦးထံမှ လက်ထပ်ခွင့်တောင်းခံခဲ့ရာ လက်ထပ်ရန်ငြင်းဆန်သည့် မိန်းကလေးကိုသတ်ပြီး ကိုယ်တိုင်သတ်သေခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၆ ရက် နံနက်(၉)နာရီအချိန်က မကွေးတိုင်း ချောက်မြို့နယ်နေ ယောက်ျားလေးတစ်ဦး သည် ရွှေတောင်မြို့နယ် ဆည်ကြီးကုန်းအုပ်စု ဖိုးခေါင်ကွက်သစ်နေ ၎င်းင်း၏ချစ်သူထံသို့ လိုက်လာခဲ့ပြီး လက်ထပ်ခွင့်တောင်းခံခဲ့ရာ မိန်းကလေးက ငြင်းဆန်ခဲ့သည်။
ထိုသို့ငြင်းဆန်သဖြင့် အဆိုပါ အမျိုးသားက အသင့်ပါလာသော အရိုးအသွား (၇)လက်မ ခန့်ရှိသည့် ဓါးမြောင်ဖြင့် အမျိုးသမီး၏ဝဲဘက်နံကြား နှင့် ဝဲဘက် ချိုင်းအောက်ကို နှစ်ချက်ထိုးခဲ့ပြီး အဆိုပါဓါးဖြင့် ၄င်းကိုယ်တိုင် တစ်ချက်ထိုးခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါအမျိုးသားသည် ဓါးဒဏ်ရာဖြင့် ထွက်ပြေးသွားခဲ့ရာ နံနက် ၁၁ နာရီ တွင် ရွှေတောင်မြိုနယ် ဘို့ကုန်းကျောင်းအနီး ရေအိုင်ထဲတွင် အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ရွှေတောင်မြို့မ ရဲစခန်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“အလုပ်လုပ်ရင်းနဲ့တွေ့ပြီး လိုက်လာတာ။ မိန်းကလေးဖက်က မကြိုက်ဘူး။ အဲဒီလူက အသေရရအရှင်ရရ လိုက်ကြိုက်နေတာ။ အငယ်မကို အရင်ထိုးတယ်။ ပြီးတော့ သူ့ဗိုက်ကိုလည်းသူထိုးတယ်” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးဖြစ်သည့် သေဆုံးသူ၏ အစ်မ မခင်ဆွေမြင့် ကပြောသည်။
“သေတယ်ဆိုတော့တရားစွဲလို့ မရတော့ဘူး။ အမှုတွဲတော့ တည်ဆောက်တယ်။ တရားခံသေဆုံးတဲ့အတွက်အမှု ပိတ်ရမယ်” ဟုလည်း ရွှေတောင်မြို့မ ရဲစခန်း စာရေးကြီးကပြောသည်။
ရွှေတောင်မြို့မရဲစခန်းတွင် သေဆုံးသူကို ဓါးဖြင့်ထိုးသူကို (ပ) ၁၉၆/ ၁၄ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားပြီး ကိုမဲလုံး(ခ)ကြည်လွင် သေဆုံးသွားသည့်အတွက် သေမှုသေခင်း အမှတ်စဉ် ၁ဝ/၂ဝ၁၄ ဖွင့်လှစ် ထားသည်။

Credit to > Mizzima < Thank

No comments:

Post a Comment