Pages

Tuesday, July 29, 2014

အချုပ်ခန်း ဖောက်ပြေးသည်ကို တားဆီးရာ အချုပ်သား ၃ဦး သေဆုံး

ဇူလိုင် ၂၆ ရက် ညနေပိုင်း ၇း၁၅မိနစ် အချိန်တွင် ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ ၊ ကျောက်မဲ မြို့မ ရဲစခန်းမှ အချုပ်သားများ  အချုပ်ခန်း ဖောက်ဖျက် ထွက်ပြေးမှုကြောင့် သေနတ်ပစ်ဖောက် ဖမ်းဆီးခဲ့ရာ တရားခံ ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင်များ ဘက်မှလည်း စခန်းမှူး အပါအဝင် (၅) ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးက ထုတ်ပြန်သည်။
ဇူလိုင် ၂၆ ရက် ညနေပိုင်း ၇း၁၅မိနစ် အချိန်တွင် ကျားအချုပ်ခန်း အမှတ်(၂)အတွင်းသို့ တာဝန်မှူး ဒုရဲအုပ် ထွန်းခိုင်စိုး၊ ခင်လှဌေး၊ ရဲဒုတပ်ကြပ် နောင်နောင်တို့မှ စောင်ထုပ်များကို အချုပ်ခန်း တံခါးဝမှ သွင်းပေးစဉ် တရားခံ (၇)ဦးမှ အတင်း တွန်းထွက်၍ အချုပ်သား တစ်ဦးမှ ကင်းသား ရဲဒုတပ်ကြပ် နောင်နောင်အား လက်သီးဖြင့် ထိုးခဲ့ပြီး ၊ ထိုသို့  အချုပ်သား ၁ ဦးက လက်သီးဖြင့် ထိုးသဖြင့် တာဝန်မှူး ဒုရဲအုပ်နှင့် ကင်းမှူး ရဲတပ်ကြပ် တို့ က ပြန်လည် ဖမ်းဆီး ထိန်းသိမ်းစဉ် အချုပ်ခန်း အပြင်သို့ ထပ်မံ ရောက်ရှိလာသော အချုပ်သား ၆ ဦးမှလည်း ဝိုင်းဝန်း ထိုးကြိတ်၍ အချုပ်ခန်း အပြင်ဘက် ဘေးပတ်လည်ရှိ အုတ်နံရံတွင် ကာရံထားသော သံဇကာအား အတင်း ဆွဲဖြတ် ခဲ့ကြောင်း၊ ထွက်ပြေးသည့် တရားခံ များအား စခန်းမှူးနှင့် ကျန်ရဲတပ်ဖွဲ့ ဝင် များမှ လုံးထွေး ဖမ်းဆီးရာ တရားခံများမှ ပြန်လည် ထိုးကြိတ် ခုခံခြင်း၊ သံဇကာမှ သစ်သားတန်း များအား ဖြုတ်၍ ခုခံရိုက်နက် ထွက်ပြေးခဲ့ သောကြောင့် အချုပ်ခန်း ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ ဝင်များမှ M-22 သေနတ် ၁ လက်၊ HK – 33 သေနတ် ၂ လက်တို့ ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရာ ည ၇း၃၅ အချိန်တွင် အချုပ်သား (၇) ဦးအား ပြန်လည် ဖမ်းဆီး ရမိခဲ့ သော်လည်း အချုပ်သား ၃ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိ ခဲ့ခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများ အရ သိရသည်။
သေဆုံး သွားသော အချုပ်သား (၃) ဦးမှာ မူးယစ်ဆေးဝါး မှုများဖြင့် တရားရုံးတွင် အမှုရင်ဆိုင် နေရသူများ ဖြစ်ပြီး ဒဏ် ရာရရှိသူ (၄)ဦးမှာလည်း မူးယစ်ဆေးဝါး မှုဖြင့်ပင် တရားရုံးတွင် အစစ်ဆေး ခံနေရ သူများ ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံး မှတ်တမ်းများ အရ သိရသည်။
ယင်းဖြစ်စဉ် နှင့် ပတ်သတ်၍ ကျောက်မဲ မြို့၊ မြို့မ ရဲစခန်းသို့ ဆက်သွယ် မေးမြန်း သော်လည်း ဆက်သွယ်၍ မရ သဖြင့် သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။
သေဆုံးသူ ၃ ဦး၊ ဒဏ်ရာရရှိသူ ၄ဦးနှင့် ဒဏ်ရာရ ရဲတပ်ဖွဲ့ ဝင် ၅ ဦးတို့ အား ရဲဆေးစာဖြင့် ကျောက်မဲခရိုင် ဆေးရုံ ကြီးသို့  ပို့ဆောင် ထားပြီး  ရဲတပ်ဖွဲ့ဝင် (၅)ဦးအနက် စခန်းမှူးမှာ ရရှိသော ဒဏ်ရာ စိုးရိမ်ရ သဖြင့် ကျောက်မဲခရိုင် ဆေးရုံကြီးမှ မန္တလေး ဆေးရုံကြီးသို့ ပြောင်ရွှေ့ ဆေးကုသမှု ခံယူလျက် ရှိသည် ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းတွင် ဖော်ပြထားသည်။ ထွက်ပြေးရန် ကြံစည်ခဲ့ ကြသည့် အချုပ်သား များအား ကျောက်မဲ မြို့မ ရဲစခန်း (ပ)၃၉/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၇/၃၃၃/၂၉၄/၂၂၄/၁၁၄ အရ အမှုဖွင့် အရေးယူ ထားသည်။

Credit to > Mizzima < Thank

No comments:

Post a Comment