18.7.2014 သောကြာနေ့
မြန်မာနိုင်ငံ Htoo Foundation ဥက္ကဌ ဖြစ်သူ ဦးတေဇ၏ အသက် (၅၀) ပြည့် မွေးနေ့အလှူအဖြစ် ထူးဖောင်ဒေးရှင်းမှ ဝန်ထမ်းများက မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဆိပ္ဖူးတောင် ပရဟိတကျောင်းသို့ ငွေကျပ် သိန်း (၅၀) နှင့် ဒံပေါက်စားဖွယ်ရာများကို ဆပ်ကပ်လှူဒါန်းရာ ဆိပ္ဖူးတောင် ပရဟိတကျောင်း၏ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ဇောတိကမှ လက်ခံပေးခဲ့ပါသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့လည်း ငွေကျပ် သိန်း (၅၀) လှူဒါန်းရာ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူမှ လက်ခံရယူပြီး ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။
Credit to > Internet < Thank
No comments:
Post a Comment