Pages

Tuesday, July 29, 2014

မန္တလေးဆူပူမှုဖြစ်အောင် မုဒိမ်းမှုလီဆယ်တိုင်ခဲ့သူများအား ဖမ်းမိ

ဇူလိုင်လက ဖြစ်ပွားခဲ့သော မန္တလေးဆူပူမှု စတင်ရန်အကြောင်းဖြစ်သည့် မုဒိမ်းမှုအတုအား လီဆယ်တိုင်ကြားခဲ့သူ ရဲထွဋ် ၊ အပေါင်းအပါ နှစ်ဦးဖြစ်သည့် မဟေမာကျော် နှင့် ဒေါ်မာလာတို့အား ဇူလိုင်လ(၂၆)ရက်နေ့၌ ထိုင်းနိုင်ငံ မဲဆောက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့အား ထိုင်းဘက်မှ မြဝတီ လဝကအား လွှဲပြောင်းအပ်နှံခဲ့ကာ ဇူလိုင်လ(၂၇)ရက်နေ့တွင် မဟေမာကျော် နှင့် ဒေါ်မာလာတို့ကို မန္တလေးခရိုင် ပြင်ဦးလွင်မြို့နယ်သို့ လွှဲပြောင်းပေးခဲ့ပြီး ရဲထွဋ်ကို ရန်ကုန်သို့ ပို့ဆောင်ထားကြောင်း သိရသည်။
မဟေမာကျော် နှင့် ဒေါ်မာလာ တို့အား မန္တလေးခရိုင် ပြင်ဦးလွင်မြို့နယ် အမှုဖွင့်ထား၍ ပြင်ဦးလွင်သို့ လွှဲပြောင်းပေးခဲ့ကာ လိမ်လည်မှု ၊ တရားရုံး မထီမဲ့မြင် ပြုမှုများဖြင့် အမှုဖွင့်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရဲထွဋ်ကိုမူ စစ်ဆေးထွက်ရှိချက်အပေါ် မူတည်၍ ပုဒ်မများ ထပ်တိုးလာမည်ဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးတစ်ဦးက ဆိုသည်။

Credit to > EMG < Thank

No comments:

Post a Comment