စက်မှုဝန်ကြီးဌာနပိုင် စစ်တောင်းစက္ကူစက်ရုံကို ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီမှ ကုန်ထုတ်လုပ် ရောင်းချရန်အတွက် နှစ်ရှည်ငှားရမ်းထားကြောင်း၊ စစ်တောင်းစက္ကူစက်ရုံမြေမှာ ဧက ၉ဝဝ ကျော်အထိရှိကြောင်း သိရသည်။ ယင်းအပြင် စစ်တောင်းစက္ကူ စက်ရုံ၏ ကုန်ကြမ်းစိုက်ခင်းမြေမှာ ဧရိယာဧက ၉ဝဝဝ ကျော်အထိရှိကြောင်း၊ စက်ရုံမြေနှင့် ပေါင်းပါက ဧက ၁ဝဝဝဝ ကျော်အထိရှိကြောင်း သိရသည်။
အဆိုပါ ဧက ၁ဝဝဝဝ ကျော် ကျယ်ဝန်းသည့် ဧရိယာအား ရွှေသံလွင်ကုမ္ပဏီနှင့်
မွန်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ စက်မှုနယ်မြေအဖြစ်
ဖော်ထုတ်လုပ်ကိုင်ရန်စီစဉ်နေခြင်း ဖြစ်သည်ဟု စက်မှုဝန်ကြီးဌာန၊
ပြည်ထောင်စုအစိုးရ အဖွဲ့တို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ
စုံစမ်းသိရသည်။
စစ်တောင်းစက္ကူစက်ရုံမြေနှင့် ကုန်ကြမ်းစိုက်ခင်း မြေဧက ၁ဝဝဝဝ ကျော်တို့အား နိုင်ငံတော်သို့ ပြန်လည်အပ်နှံပြီးနောက် မွန်ပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းကြ မည်ဖြစ်ကြောင်း၊ ထိုသို့လွှဲပြောင်း ပေးလိုကြောင်းကိုလည်း သက်ဆိုင်ရာသို့ အဆင့်ဆင့် တင်ပြထားကြောင်း၊ ယခုအခါတင်ပြထားဆဲ အဆင့်သာရှိကြောင်း၊ အကယ်၍ ခွင့်ပြုချက်ရရှိပါက အဆိုပါနေရာအား စက်မှုနယ်မြေ၊ စက်မှုဇုန်ဖော်ထုတ်မည် ဖြစ်ကြောင်းသိရသည်။
ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီလီမိတက်သည် စစ်တောင်းစက္ကူစက်ရုံအပြင် ဘီးလင်းသကြားစက်ရုံကိုလည်း တစ်နှစ်ငွေ ကျပ်သိန်း ၃ဝဝ ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း၊ သို့သော် မကိုက်သည့်အတွက် ဟုဆိုကာ နိုင်ငံတော်သို့ ပြန်လည်အပ်နှံခဲ့ကြောင်းလည်း သိရသည်။
စက်မှုဝန်ကြီးဌာန အနေဖြင့် ယခင်ကစက်ရုံများကို ငှားရမ်းရာတွင် ပုဂ္ဂလိကအနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းကို တိုးချဲ့လုပ်ကိုင်ရန် ငှားရမ်းထားခြင်းမျိုး များပြားကြောင်း၊ အကယ်၍ အခြားနည်း အသုံးပြုမည်ဆိုပါက နိုင်ငံတော်သို့ပြန်လည်အပ်နှံခြင်း၊ တင်ဒါခေါ်ယူခြင်းများ ပြုလုပ်ရသည်ဟုလည်း စက်မှုလုပ်ငန်းရှင်အချို့ ပြောကြားခဲ့သည်။
Credit to > EMG < Thank
ေေေေေေေေ ရွှေသံလွင်ကုမ္ပဏီက ငှားရမ်းထားသည့် စစ်တောင်းစက္ကူစက်ရုံမြေနှင့် စိုက်ခင်းမြေများပြ ကောင်းကင်ဓာတ်ပုံ

No comments:
Post a Comment